English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
အပြစ်မရှိ၍ လွှတ်ပေးလိုက်သည့် တောင်ကုတ် ဆားပြင် ANP ဥက္ကဋ္ဌပါ ၅ ဦးအား သံတွဲတွင် စွဲချက်တင်ရန် ထပ်မံကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့
ဇွန် ၁၇/ ၂၀၂၁ | ကြည့်ရှုသူ :2608
ရခိုင် သတင်း
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၅/ ၂၀၂၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တရားရုံးက ပြစ်မှုမမြောက်၍ လွှတ်ပေးထားသည့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာအုပ်စု ANP ဥက္ကဋ္ဌအပါအဝင် ၅ ဦးအား သံတွဲခရိုင်တရားရုံးတွင် စွဲချက်တင်ရန် ထပ်မံပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သတင်းရရှိသည်။
သံတွဲခရိုင်တရားရုံးတွင် စွဲချက်တင်ရန် ထပ်မံပြင်ဆင်ခံခဲ့၇သူတို့ ၅ ဦးမှာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာအုပ်စု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးပြုံးချိုနှင့် ကျေးရွာသားများဖြစ်ကြသည့် ကိုသန်းနိုင်၊ ကိုအောင်ထူး၊ ကိုမောင်မြင့်အောင်နှင့် ကိုလှဖြူတို့ဖြစ်ကြသည်။
၄င်းတို့ ၅ ဦးအား ယနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်တရားရုံးတွင် သံတွဲခရိုင်ဥပဒေရုံးက စွဲချက်တင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးတင်ညိုက ပြောသည်။
“တောင်ကုတ်မြို့နယ်တရားရုံးမှာ ရင်ဆိုင်ခဲ့ရတဲ့ အမှုကို စိစစ်လိုက်တဲ့အခါမှာ စွဲချက်တင်နိုင်လောက်အောင် အထောက်အထားမရှိဘူးပေါ့နော်။ အဲဒီအတွက် တောင်ကုတ်မြို့နယ်တရားရုံးက စွဲချက်မတင်ခင် လွှတ်ခဲ့တယ်ပေါ့။ အဲဒါကို မကျေနပ်လို့ သံတွဲခရိုင်တရားရုံးက စွဲချက်တင်ပေးဖို့ဆိုပြီး သံတွဲခရိုင်ဥပဒေရုံးက ပြင်ဆင်မှုဖြစ်တယ်။ အဲဒီဟာကို ဒီနေ့ အမိန့်ချတယ်ပေါ့။ မူလ တောင်ကုတ်မြို့နယ်တရားရုံးက အမှုကို စိစစ်လိုက်တဲ့အခါမှာ စွဲချက်တင်နိုင်လောက်အောင် အထောက်အထား မရှိဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် တောင်ကုတ်မြို့နယ်တရားရုံးက စွဲချက်မတင်ခင် လွှတ်တဲ့အမိန့်က မှန်ကန်တယ်ပေါ့။ ဒါကြောင့် မူလတရားရုံးရဲ့ အမိန့်ကို အတည်ပြုတယ်ပေါ့။ အဲဒါကြောင့် သူတို့ဟာ အမှုကို ဆက်ပြီး ရင်ဆိုင်စရာ မလိုတော့ဘူး။ ဒါက ဝမ်းသာစရာပေါ့နော်။” ဟု ပြောသည်။
ဦးပြုံးချိုပါ ၅ ဦးသည် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီး ဗုံးပေါက်မှုနှင့်ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ဗိုလ်မှူး မြင့်ဇော်အောင်က တရားလိုလုပ်ကာ တရားစွဲဆိုခြင်းခံခဲ့၇ခြင်းဖြစ်ကြောင်း ဦးတင်ညိုက ဆက်ပြောသည်။
၄ လ ကျော်အမှုရင်ဆိုင်ခဲ့ရပြီးနောက် သူတို့တွင် အပြစ်မရှိဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးက စွဲချက်မတင်မီ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.