ချစ်အိလှိုင်
နိရဥ္စရာ၊ဇွန် ၁၆/ ၂၀၂၁
ရခိုင်ပြည်နယ်ရှိစစ်တွေနှင့်မောင်တောမြို့တို့တွင် ယနေ့ ကိုဗစ်အတည်ပြုလူနာသစ် ၁၁ ဦး ထပ်တွေ့ရှိကြောင်းသတင်းရရှိသည်။
ထပ်တိုးတွေ့ရှိသည့်ကိုဗစ်လူနာ ၁၁ ဦးမှာ စစ်တွေဆေးရုံတွင် ၁၀ ဦးနှင့် မောင်တောတွင် ၁ ဦးတို့ဖြစ်သည်။
စစ်တွေဆေးရုံတွင်တွေ့သည့်လူနာ ၁၀ ဦးမှာ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်တွေဆေးရုံကြီးသို့ ယနေ့ ညနေ ရနာရီခန့်တွင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။
“ဒီနေ့စစ်တော့ဒီနေ့တွေ့တာပါ။ ဆယ်ယောက်ပါအားလုံး။ အမျိုးသားတွေချည်းပါပဲ။ရောဂါလက္ခဏာပြတဲ့လူတွေမဟုတ်ပါဘူး။ ဒီတိုင်းစစ်ဆေးလို့တွေ့တာပါ။” ဟုပြောသည်။
ယနေ့တွေ့ရှိသည့်လူနာများနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တွေဆေးရုံအုပ်ကြီးတို့ကို ဆက်သွယ်နေသော်လည်းအဆက်အသွယ်မ၇သေးပါ။