Preview

စစ်တွေမြို့ ရပ်ကွက်တစ်ခု၏လူနေအိမ်တစ်လုံးမှ အရှည် ၁၁ ပေခွဲ စပါးအုံးမြွေတစ်ကောင် ဖမ်းမိ

ဇွန် ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :1847
ရခိုင် သတင်း

ထက်အောင်
နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်၊ နတ်စင်လမ်းရှိ လူနေအိမ်တစ်အိမ်ထဲမှ စပါးအုံးမြွေတစ်ကောင်အား ဖမ်းဆီးရမိကြောင်း သိ၇သည်။
ဖမ်းဆီးရမိသည့် စပါးအုံးမြွေကြီးသည် အရှည် ၁၁ ပေခွဲ၊ လုံးပတ် ၁ ပေပတ်လည်ရှိ ပြီး နေအိမ်ပိုင်ရှင်များက လာရောက်ဖမ်းဆီးပေးရန် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအား အကူအညီတောင်းခံလာသဖြင့် ဖမ်းဆီးပေးရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုမင်းထည်ဝါက ပြောသည်။
ရွှေရောင်မေတ္တာ ဖောင်ဒေရှင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဥက္ကဌ ကိုမင်းထည်ဝါက “ သူတို့ အိမ်ထဲမှာ မြွေတစ်ကောင်ရှိနေတယ်ဆိုပြီး ကျနော်တို့ရုံးကို အကူအညီလာ တောင်းပါတယ်။ မြွေတစ်ကောင် ရောက်နေတယ်။ မိသားစုဝင်တွေကလည်း ကြောက်တယ်။ အိမ်ထဲမှာ မနေရဲတဲ့အတွက် ဖမ်းပေးပါဆိုပြီး အကူအညီလာတောင်းတယ်။ ဒါကြောင့် ကျနော်တို့က သွားရောက်ဖမ်းပေးပါတယ်။ အဓိကတော့ အကူအညီတောင်းလာတာကို ကျနော်တို့က အကူအညီပေးရပါမယ်။ ဒါက အသင်းရဲ့ မူဝါဒပါ” ဟု ပြောသည်။
ယနေ့ ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဖမ်းဆီး၇မိသည့် စပါးအုံးမြွေကြီးအား မြန်မာနိုင်ငံသစ်တောဦးစီးဌာနကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သူကပြောသည်။
“ မြွေကိုဖမ်းတဲ့အခါမှာတော့ အခက်အခဲသိပ်မရှိပါဘူး။ ကျနော်တို့မှာက မြွေဖမ်းရာမှာ အထောက်အကူပြုတဲ့ ပစ္စည်းတွေရှိတယ်။ ဒါကြောင့် ကျနော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဖမ်း၇တာလွယ်ကူပါတယ်။ အခု နောက်ပိုင်းမှာလည်း ကျနော်တို့အသင်းက စပါးအုံးမြွေတွေအများကြီး ဖမ်းမိပါတယ်” ဟု ကိုမင်းထည်ဝါက ဆိုသည်။
ယနေ့ ဇွန် ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲလောက်က ဖမ်းဆီးရမိသော စပါးအုံးမြွေတွေ့ရှိသည့် အိမ်အနီးပတ်ဝန်းကျင်မှာ တောထူထပ်ခြင်းကြောင့် မဟုတ်ပဲ မိုးရွာသည့်အခါ ရေတက်မှုကြောင့် အိမ်ထဲထိ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိ၇သည်။

#ပြည်တွင်းသတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.