English Edition
သောကြာနေ့၊ ဇွန်လ ၂၇ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောတွင် မြိုအမျိုးသားတစ်ဦး မို်င်းနင်းမိ၍ ပွဲချင်းပြီးသေဆုံး
ဇူလိုင် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :6775
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၂၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝက်ကျိန်းမြိုရွာမှ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ မြိုအမျိုးသား နန်ခိုင်(၃၅)နှစ်ဖြစ်သည်။
သူသည် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဝက်ကျိန်းကျေးရွာအနီး မေယုတောင်တန်းတွင် ဝါးခုတ်ရန်သွားရာမှ မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်ကျိန်းမြိုရွာဆရာတော် ဦးနန္ဒက နိရဥ္စရာသတင်းဌာနအား မိန့်သည်။
“အဲဒီနားက တပ်မတော် လွန်ခဲ့တဲ့တစ်နှစ်ကျော်က စခန်းချခဲ့တယ်။ သူတို့ပြန်ခါနီးတော့ မိုင်းတွေရှိနိုင်တယ်။ မသွားကြဖို့ မှာခဲ့တယ်။ ရွာသားတွေကို။ ဒါပေမဲ့ မရှိနိုင်လောက်တော့ဘူး။ ကြာလည်း ကြာပြီဆိုပြီး သွားကြထင်တယ်။ တောင်ယာလုပ်ဖို့။ ဟင်းရှာဖို့၊ ဝါးခုတ်ဖို့သွားကြတယ်။ အဲဒီလိုသွားကြတာမှာနင်းမိတာပါ။ ဆေးရုံကားခေါ်ထားတာ ဆေးရုံမရောက်လိုက်ဘဲ ရွာမှာပဲ ဆုံးတယ်။” ဟုမိန့်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ကလည်း အဆိုပါအမျိုးသားသေဆုံးမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“ဝဲခြေကျင်းဝတ်ပြတ်၊ ယာခြေသလုံး မိုင်းစထိမှန်၊ ပါးမှာ မိုင်းစထိမှန်ပြီးသေဆုံးတာ။ တောင်ယာလုပ်ဖို့သွားရာကနေ တောင်ယာအနီး ရေနံချောင်းတောင်ပေါ်အခင်းဖြစ်နေရာအရောက် ဒေသန္တ၇လက်လုပ်မိုင်းကို နင်းမိပေါက်ကွဲတာပါ။” ဟုပြောသည်။
ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ တိုက်ပွဲများရပ်တန့်နေသည့် ယခုအချိန်ထိ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် လူပေါင်း ၅၀ ထက်မနည်းသေဆုံးပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းများအရ သိ၇သည်။
#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.