English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောသို့ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်လ၀က ၉၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ
ဇူလိုင် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :9702
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၁/ ၂၀၂၁
ရခိုင်ပြည်နယ် မောင်တောမြို့တွင် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ ရောက်ရှိလာသည့် လ၀က နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် ၄င်းတို့၏ မိသားစုဝင် စုစုပေါင်း လူ ၉၃ ဦးတို့တွင် ယနေ့ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့မှာ ဇွန် ၂၈ ရက်နေ့ ပြောင်းရွှေ့ရောက်ရှိလာသူများ ဖြစ်ကြောင်း သိ၇သည်။
မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ က “ နယ်ခြားစောင့်တွေပါ။ လ၀က ကလည်း ပါတယ်။ အကုန်လုံး ၉၃ ယောက်ပါ။ မြို့နယ်အသီးသီးက ပါတယ်။ ပြည်မဖက်ကလာကြတဲ့လူတွေပါတယ်။ သူတို့ကို သူတို့ရဲ့ဌာနဆိုင်ရာ ကွာရန်တင်း စင်တာတွေမှာ ထားပါတယ်” ဟုပြောသည်။
ယင်းအထဲတွင် ဇွန်လ ၂၈ ရက်နေ့တွင် သီးသန့် ကမ်းထိုးရေယာဉ်ဖြင့် မောင်တောသို့ ရောက်ရှိလာသည့် ဝန်ထမ်းအသစ်များလည်း ပါဝင်ကြောင်းသူကဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောရဲစခန်းမှူးမြင့်ကျော်ဦးက ၄င်းတို့မှာ လ၀က ဝန်ထမ်း ၂ ဦး၊ နယ်ခြားစောင့်ဝန်ထမ်းနှင့် မိသားစုဝန် ၉၁ ဦးတို့ဖြစ်ကြကြောင်း အတည်ပြုပြောကြားသည်။
လက်ရှိတွင် ၇ခိုင်ပြည်နယ်တွင် မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နှင့် သံတွဲတို့မှ ကိုဗစ်လူနာ ၂၀၀ ကျော်အထိ ရှိလာနေသည်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.