English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
သံတွဲမြို့နယ်တွင် လာမည့်စနေနှင့်တနင်္ဂနွေနေ့များ၌ လျှပ်စစ်မီးပြတ်မည်
ဇူလိုင် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :742
ရခိုင် သတင်း
သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၂/ ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် လာမည့် စနေ၊ တနင်္ဂနွေနေ့များ၌ နေ့အချိန် နှစ်ရက်ဆက်တိုက်လျှပ်စစ်မီး ပြတ်တောက်မည်ဟု သတင်းရရှိသည်။
သံတွဲမြို့နယ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ယနေ့သတင်းထုတ်ပြန်ရာတွင် “ တောင်ကုတ်မြို့နယ်တွင် ရှိသည့် ၂၃၀ ကေဗွီ တောင်ကုတ်(ဘာယေ) ပင်မဓာတ်အားခွဲရုံ၏ OLTC (3) nos အား ဆီ အသစ် လဲလှယ်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်အတွက် မီးဖြတ်တောက်၇ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သံတွဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မောင်မောင်မြင့်က “၂၃၀ ကေဗွီ တောင်ကုတ် (ဘာယေ) ပင်မဓာတ်အားခွဲရုံမှာ ဆီလဲလှယ်ဖို့နဲ့ ထိန်းသိမ်းဆောင်ရွက်မှု ပြုလုပ်မှာ ဖြစ်တဲ့အတွက် လျှပ်စစ်မီး နေ့အချိန် နှစ်ရက်ပြတ်တောက်မှာ ဖြစ်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မည့်အချိန်မှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်း သိ၇သည်။
သံတွဲမြို့နယ်တွင် လျှပ်စစ်မီးသုံးစွဲသူ ဦးရေ ၁၅၄၁၁ ဦးရှိပြီး လျှပ်စစ်မီးပြတ်တောက်မည့် နေရာများမှာ ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာ (၁၀၁) ရွာ၊ တပ်နယ် (၄) ခုနှင့် ဟိုတယ်ဇုန်တစ်ခု ပါဝင်သည်။
အလားတူ စစ်တွေမြို့တွင်လည်း ပြုပြင်ထိန်းသိမ်းရေးများ ပြုလုပ်ခဲ့သဖြင့် လွန်ခဲ့သည့် ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်များတွင် နေ့အချိန် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်ဟု သိ၇သည်။
#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.