ချစ်အိလှိုင်
နိရဥ္စရာ၊ဇူလိုင် ၁၀/ ၂၀၂၁
၇ခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် ယနေ့ ဇူလိုင် ၁၀ ရက်နေ့ တစ်ရက်တည်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူနှစ်ဦးသေဆုံးပြီး သေဆုံးရာတွင် ပါဝင်သည့်အမျိုးသမီးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ကြောင်းသတင်းရရှိသည်
ပထမသေဆုံးသူမှာသရက်အုပ်ကျေးရွာမှ အသက်(၅၀)ကျော်အရွယ် မူဆလင်တစ်ဦးဖြစ်ပြီး ယနေ့ နံနက် အစောကြီး၃ နာရီခန့်က သေဆုံးသွားခဲ့သည်ဟု သိ၇သည်။ယနေ့ ညနေ ၅နာရီခန့်တွင်သေဆုံးပြီး အလောင်းဆေးရုံသို့ လာပို့သည့် အမျိုးသမီးမှာ လှဖိုးခေါင် ကယ်ဆယ်ရေးစခန်းတွင်ကွာရန်တင်းဝင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ကြောင်း မောင်တောမြို့မ ရဲစခန်းမှူးကပြောသည်။
ယနေ့ တစ်နေ့တည်း၌ ကိုဗစ်လူနာ နှစ်ဦးသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်းမောင်တော ဆေးရုံအုပ် ဒေါက်တာ နုကေသီစံက အတည်ပြုပြောကြားသည်။
“ မနက်ကသေတဲ့လူကဆီးချို၊ သွေးတိုးရောဂါအခံရှိတယ်။ ၈ ရက်နေ့လောက်ကတည်းက ဆေးရုံတက်တာ။သူက လာကတည်းက ပြင်းထန်လူနာပါ။ မူဆလင်ပါသူက။ ညနေ ၅ နာရီလောက်က သေတဲ့အမျိုးသမီးကတော့သေပြီးမှဆေးရုံရောက်လာတာပါ။ သူနဲ့ထိတွေ့ခဲ့သူတွေတော့ ရှိမယ် ထင်ပါတယ်။ တိုင်းရင်းသားထဲကပါ။ ဘာလူမျိုးတော့ မသိဘူး။မူဆလင်မဟုတ်ဘူး” ဟုပြောသည်။
အဆိုပါသေဆုံးသူ နှစ်ဦး အပါအဝင် မောင်တောမြို့နယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၅ ဦး အထိရှိသွားပြီဖြစ်သည်။
၄င်းတို့မှာဇူလိုင်လ ၃ ရက်နေ့က မောင်တောဆေးရုံ၌ ဆီးချိုရောဂါအခံရှိသူ အသက် ၆၀ အရွယ်ရှိ မူဆလင်တစ်ဦး၊မောင်တောမြို့နယ်မြောက်ပိုင်း အောင်ဇံကျေးရွာရဲကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ကြပ်တစ်ဦးနှင့် ဇူလိုင်လ ၈ ရက်နေ့က နံနက်က ရပ်ကွက်(၂) နေသူ အသက် (၄၀)ကျော်အရွယ် မူဆလင် အမျိုးသမီးနှင့် ယနေ့သေဆုံးသူ ၂ ဦး ပါဆိုလျှငေ်သဆုံးသူ စုစုပေါင်း၅ ဦး ရှိသွားပြီဖြစ်သည်။
၇ခိုင်တစ်ပြည်နယ်လုံးတွင်ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ် အတည်ပြုလူနာ၇၀၀ကျော်၇ှိနေပြီးသေဆုံးသူ ၁၀ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိ၇သည်။
photo - ချစ်ထူးခိုင်(မောင်တော)