Preview

တောင်ကုတ်တွင် အသက် (၂၅ )နှစ်အရွယ် ရောဂါအခံမရှိသူ လူငယ်တစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ နှစ်ဦးထပ်မံသေဆုံး၊ တောင်ကုတ်ဆေးရုံတွင် အောက်စီဂျင်လုံလောက်မှုမရှိဖြစ်နေဟုဆို

ဇူလိုင် ၁၄/ ၂၀၂၁ | ကြည့်ရှုသူ :2543
ရခိုင် သတင်း

 ချစ်အိလှိုင်

နိရဥ္စရာ၊ ဇူလိုင်၁၄/ ၂၀၂၁

၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့  ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၆ နာရီခန့်က အသက် (၂၅)နှစ်အရွယ်ရောဂါအခံမရှိသူအမျိုသား တစ်ဦး အပါအဝင် ကိုဗစ်အတည်ပြုလူနာ ၂ ဦးထပ်မံသေဆုံးကြောင်း သတင်း ရရှိသည်။

သေဆုံးသူများမှာအသက်(၂၅)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက်(၆၆) အရွယ် အမျိုးသားတို့ဖြစ်ကြသည်ဟု တောင်ကုတ်ဆေးရုံမှတာဝန်ကျ ဆရာဝန် ဒေါက်တာဇင်လင်းအောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

အသက်(၂၅)နှစ်လူငယ်မှာရောဂါအခံမရှိသော်လည်း အသက်ရှုကျပ်လာ၍ အောက်ဆီဂျင်ပေးထား၇သူဖြစ်ကြောင်း၊ အသက်(၆၆)နှစ်အမျိုးသားမှာသွေးတိုးရောဂါအခံရှိသူဖြစ်ကြောင်း၊ အဓိကမှာ အောက်ဆီဂျင် မလုံလောက်၍ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လူကြီးကတော့ သွေးတိုးအခံရှိတယ်။ လူငယ်မှာတော့ မရှိဘူး။ အဓိကတော့ကျွန်တော်တို့မှာ အောက်ဆီဂျင်အခက်အခဲကျတယ်ပေါ့။ မနေ့ညက တက်နေတဲ့  သတင်းမှာ တောင်ကုတ်ကိုအောက်စီဂျင် ၁၀၅ လုံးပို့ပေးတဲ့အထဲ  ကျွန်တော်တို့၇တာ၅၅ လုံးတည်း ရပါတယ်။ ကျန်တဲ့ဟာတွေကိုလည်း ခွဲပေး၇တာကို။ အဲဒီဟာ နေ့လယ် ၁နာရီကရတာ။ မိုးလင်းအောင်ထိမကာမိဘူး။ အခု အောက်စီဂျင် ပေးထားရတဲ့ လူနာက တောင်ကုတ် ဆေးရုံမှာ ၂၇ ယောက်ရှိပါတယ်ဟု သူကပြောသည်။

တောင်ကုတ်မြို့နယ်တွင်ကိုဗစ်တတိယလှိုင်းအတွင်းကိုဗစ်ဖြင့် သေဆုံးသူ ယနေ့ နံနက်ပိုင်းအထိ ၅ ဦးရှိသွားပြီဖြစ်ကြောင်း၊တောင်ကုတ်တွင် ကိုဗစ် သံသယ လူနာများ နေ၍ လူနာများကို ကုသမှုပေးရာတွင် အေ၊ ဘီ၊ စီ သုံးဆင့်ခွဲထားပြီးဆေးရုံတင်ရန် လိုအပ်သော အောက်ဆီဂျင်ပေး၇သည့်  (စီ) အဆင့် လူနာများကိုသာ ဆေးရုံတွင်ကုသပေးကြောင်း သိ၇သည်။

၇ခိုင်ပြည်နယ်တွင်ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ခန့်ရှိနေပြီးသေဆုံးသူ ၂၀ ဦးခန့်ရှိသွားပြီဖြစ်သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.