English Edition
စနေနေ့၊ ဇွန်လ ၂၈ရက်၊ ၂၀၂၅
လှူရန်
Preview
မင်းပြားမြို့တွင်အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ကချင်ရောက် ၇ခိုင်လောပန့် ၃ ဦးမှ ကျပ်သိန်း ၅၀၀ လှူဒါန်း
ဇူလိုင် ၁၆/ ၂၀၂၁ | ကြည့်ရှုသူ :9498
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် တည်ဆောက်မည့် အောက်ဆီဂျင် စက်ရုံအတွက် ကချင်ရောက် ၇ခိုင်လော့ပန့် သူဌေး ၃ ဦးမှ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။
၎င်းတို့ ၃ ဦးမှာ မင်းပြားမြို့နယ်က ဦးအေးထွန်းသိန်း(ခွေးတောက်ချောင်းကျေးရွာဇာတိ)၊ ဦးကျော်ခိုင်(အိမ်ရှေ့မင်းရွာဇာတိ)နှင့် ဦးဇော်နိုင်ဌေး(ဥတ္တရာကျေးရွာဇာတိ) တို့ဖြစ်ကြသည်။
မင်းပြားမြို့တွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် ခန့်မှန်းခြေ သိန်း ၁၀၀၀ ကျော် လိုအပ်နေပြီး မြို့ခံစေတနာရှင်များက စုပေါင်းပြီး သိန်း ၅၀၀ ကျော်ဖြင့် မတည်ခဲ့ကြောင်း၊ ယနေ့တွင် ကချင်ရောက် မင်းပြားမြို့နယ်ဇာတိ လော့ပန့် ၃ ဦးမှ သိန်း ၅၀၀ ကျပ် ထပ်မံ လှူဒါန်းလိုက်သဖြင့် စက်ရုံ တည်ဆောက်ရန် အတွက် အလားအလာ ကောင်းသွားပြီဟု စက်ရုံတည်ဆောက်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသခင်ချိုက ပြောသည်။
“ အရင်ကတည်းက ကိုဗစ်ကော်မတီဖွဲ့တဲ့နေကတည်းက ကျွန်တော်တို့ မတည်ငွေ သိန်း သုံးရာကျော် စုပေါင်းရရှိတယ်။ အဲဒီဟာကို ကြေညာလိုက်တော့ နောက်ထပ်ထည့်ဝင်ကြတဲ့ လူတွေလည်းရှိလာတယ်။ ဒီနေ့တော့ မင်းပြားဇာတိဖြစ်တဲ့ ကချင်ပြည်ဖားကန့်မှာနေတဲ့ လောပန့်သုံးယောက်က သိန်းငါးရာ ထပ်လှူပါတယ်။ ကျွန်တော်တို့ ခန့်မှန်းထားတဲ့ ငွေကိုတော့ ရနေပါပြီ။ စက်ဝယ်ဖို့ကို ပညာရှင်နဲ့ ဆက်သွယ်နေပါတယ်” ဟုပြောသည်။
အောက်ဆီဂျင် စက်ရုံအတွက် ကိုဗစ်ကော်မတီမှ မတည်ငွေ သိန်း (၅၀)ကျပ်၊ ကော်မတီဝင်များဖြစ်ကြသည့် ဦးခင်မောင်ရွှေက သိန်း (၁၀၀) ကျပ်၊ ဦးမောင်မြင့်ကြည်မှ သိန်း (၅၀) ကျပ်၊ ဦးမောင်အုန်းက သိန်း ၂၀ ကျပ်၊ ဦးကျော်ဝင်းမှ (၂၀) ၊ ဦးကျော်ဆန်းနိုင်မှ (၂၀)ကျပ် တို့အပြင် တခြားကော်မတီဝင်များစုပေါင်းပြီး ပထမနေ့ ကော်မတီဖွဲ့သည့်နေ့တွင်ပင် သိန်း ၃၂၀ ကျပ်ရရှိခဲ့ကြောင်း သူကဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင် ရောဂါကူးစက်မှုပြင်းထန်းလာပြီး သေဆုံးသူ များ နေ့စဉ်နှင့် အမျှရှိလာနေသည့်အတွက် အောက်ဆီဂျင် စက်ရုံတည်ဆောက်နိုင်ရန် မြို့အတော်များများတွင် စေတနာရှင်များက စုပေါင်း လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း သိ၇သည်။
ရခိုင်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မင်းပြား၊ မောင်တော၊ သံတွဲ၊ တောင်ကုတ် မြောက်ဦးနှင့် စစ်တွေမြို့တို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စီစဉ်လျက်ရှိနေကြာင်း သိ၇သည်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.