Preview

ကိုဗစ်ကူးစက်ခံထားရသူ NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းကွယ်လွန်

ဇူလိုင် ၂၀/ ၂၀၂၁ | ကြည့်ရှုသူ :3351
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၀/၂၀၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းသည် ကိုဗစ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်ထောင်စုဥပဒေ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းသည် သေဆုံးချိန်တွင် အသက် (၇၉) နှစ်ရှိပြီဖြစ်ကြောင်း သိ၇သည်။
ဦးဉာဏ်ဝင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် (ရ)နာရီတွင် စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့၇ပြီး အင်းစိန်ထောင်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း၊ အင်းစိန်ထောင်မှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဦးဉာဏ်ဝင်းသည် ဆီးချိုနှင့် သွေးဝမ်းသွားသည့် ရောဂါအခံရှိသည်ဟု သိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.