Preview

ရခိုင်တွင်ပြေးဆွဲနေသည့် အမြန်ရေယာဉ်လိုင်းများ ယနေ့ ညနေမှစပြီး ၁၄ ရက်ကြာရပ်နားမည်

ဇူလိုင် ၂၀/ ၂၀၂၁ | ကြည့်ရှုသူ :10930
ရခိုင် သတင်း

အောင်လင်းထွန်း၊ သဥ္ဇာနွယ်

နိရဥ္စရာ၊ ဇူလိုင် ၂၀/၂၀၂၁

ရခိုင်ပြည်နယ်အတွင်းက စစ်တွေကိုဗဟိုပြုပြီး ပြေးဆွဲနေသည့်အမြန်ရေယာဉ်လိုင်းများဖြစ်ကြသည့် ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်ရေယာဉ်လိုင်းများအားကိုဗစ်ကြောင့် ယနေ့မှ စ၍ နှစ်ပတ်ရပ်လိုက်ကြောင်း သတင်းရရှိသည်။

၇ခိုင်မှ မြို့နယ် ၁၂ ခုကို ပြေးဆွဲနေသည့် အဓိကအမြန်ရေယာဉ်လိုင်းတစ်ခုဖြစ်သည့်ရွှေပြည်တန် ရေယာဥ်လိုင်းကို ယနေ့ ညနေမှစပြီး ၁၄ ရက်ကြာ ရပ်နားထားလိုက်ကြောင်း ရွှေပြည်တန်အမြန်ယာဉ်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကျနော်တို့ ကိုဗစ်ကိုကာကွယ်တဲ့ရာမှာ  မြို့ကနေ တောဒေသ၊ နယ်တွေ၊ ရွာတွေအထိ ကိုဗစ်ပိုးတွေ့လာတယ်။အဲတာကြောင့် ကာကွယ်တားဆီးမှု ပြုလုပ်လိုတဲ့ အတွက် ဒီနေ့ ညနေ ကစပြီး နှစ်ပတ်ရပ်နားမှာဖြစ်ပါတယ်။  ရခိုင်ပြည်နယ်မှာ ခရီးစဉ်အများဆုံးပြေးဆွဲနေတာကရွှေပြည်တန်ဆိုတော့ ခုလိုပိတ်လိုက်ရင် ကာကွယ်ရေးအပိုင်းမှာ အများကြီးထိရောက်နိုင်ပါတယ်ဟု ၎င်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ၊ဖြစ်ပွားသူတိုးလာသည့် အတွက် တချို့မြို့များနှင့် ကျေးရွာဆိပ်ကမ်းများတွင် ရေယာဉ်ကမ်းကပ်ခွင့်ဝင်ထွက်ခွင့်များကို ပိတ်ထားသည့်အတွက် ယခုလို ပိတ်ခြင်းကြောင့် ပြည်သူလူထုများနှင့်ပူးပေါင်း ဆောင်ရွက်ရာရောက်ကြောင်း  ၎င်းကထပ်မံပြောဆိုသည်။

ရွှေပြည်တန် ခရီးစဉ်ကို ၁၄ ရက်အထိ ရက်အကန့်အသတ်ထားသော်လည်းနောက်ထပ်ပိတ်မည်၊ မပိတ်ဆိုတာကို သက်ဆိုင်သူများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆုံးဖြတ်သွားမည်ဟုသိသည်။

 ရွှေပြည်တန်အမြန်ယာဉ်ဟာ၇ခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့က  ကျောက်ဖြူ၊ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ မာန်အောင်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊၇သေ့တောင်၊  ဘူးသီးတောင်မြို့များသို့ ပြေးဆွဲနေသည့်ရေကြောင်းလိုင်းတစ်ခု ဖြစ်ကြောင်း သိ၇သည်။

#လမ်းပန်းဆက်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.