Preview

စစ်တွေဆေးရုံကြီးတွင်ကိုဗစ်ဖြင့် တတိယမြောက်ဆရာတော်တစ်ပါးထပ်မံပျံလွန်တော်မူ

ဇူလိုင် ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :4533
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇူလိုင်၂၁/၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆေးရုံကြီးတွင် ကိုဗစ်ဖြင့် ဆေးကုသမှုခံယူနေရသူဆားပြင်ဆရာတော်ဟု လူသိများသည့် ဆရာတော်ကြီးအာစ၇မှာ ယနေ့ဇူလိုင် ၂၁ ရက် နံနက် ၂ နာရီခန့်တွင်ပျံလွန်တော်မူကြောင်း သတင်းရရှိသည်။

ဆရာတော်ကြီးသည် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ အာစာရမဏ္ဍိုင်(မောင်တောဆားပြင်)ကျောင်းတိုက် ဆရာတော်ဖြစ်ပြီး ပျံလွန်ချိန်တွင် သက်တော် ၇၂၊ ဝါတော် ၅၂ ဝါ ရှိပြီ ဖြစ်ကြောင်းစစ်တွေ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။

ဇူလိုင်လ ၁၉ ရက်ကလည်း ကိုဗစ်ဖြင့် စစ်တွေဆေးရုံကြီးတွင်တက်ရောက်ကုသနေသည့်  ဝါဘိုဆရာတော်နှင့် ဝိဇာလင်္ကာရကျောင်းမှ၇ဟန်းတော်တစ်ပါးတို့ ပျံလွန်တော်မှုခဲ့သည်။

လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ကိုဗစ်တွေ့ရှိ၍ ဓာတ်လယ်ဆရာတော်ကြီး၊မဏိရတနာ ဆရာတော်ကြီးနှင့် တန်းခိုးကျောင်းစာချဆရာတော်တို့ တက်ရောက် ဆေးကုသနေရကြောင်းသိရှိ၇သည်။

မဏိရတနာကျောင်းဆရာတော်ကြီးကို စစ်တွေဆေးရုံကြီးတွင် လိုက်ပါစောင့်ရှောက်ပေးနေသည့် ကိုယ်တော်ညာဏက အာစာရဆရာတော်ပျံတာဟုတ်ပါတယ်။ နံနက်စောစောကပါ။ ဆရာတော်ကြီးကဘယ်နေ့က ဆေးရုံ တက်ရတာတော့မသိဘူး။ ကိုဗစ်ဖြစ်လို့တက်နေ၇တာပါဟုပြောသည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.