Preview

စစ်တွေဆေးရုံကြီးတွင် သူနာပြုများခြိမ်းခြောက်ခံရ၍ တာဝန်ကျသူနာပြုထက်ဝက်ခန့် ယနေ့ဆေးရုံမတက်ဟုဆို

ဇူလိုင် ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :8766
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇူလိုင် ၂၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပြတ်၍ကိုဗစ်လူနာတစ်ဦး သေဆုံးမှု ဖြစ်ပွားပြီးနောက် တာဝန်ကျသူနာပြုတချို့ ခြိမ်းခြောက်ခံသဖြင့် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ တာဝန်ချိန်တွင် သူနာပြုဆရာမထက်ဝက်ခန့်တာဝန်ထမ်းဆောင်ရန် ဆေးရုံ မတက်ကြဟု  စစ်တွေဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေသည့် သူနာပြုတစ်ဦးက ပြောသည်။

ညီမတို့ မနေ့က အလုပ်ဆင်း ပါတယ်။ဒီနေ့တော့ မဆင်းဘူး။ မနေ့က ပြဿနာဖြစ်တာက ညီမတို့ wall ထဲမှာတော့မဟုတ်ဘူး။ အဲဒီသူနာပြုက ဆေးထိုးဖို့ ဝင်သွားတော့ပြဿနာအလုပ်ခံ၇တာပါ။ PPE တောင်မချွတ်ရသေးဘူးနောက်က လိုက်လာပြီးဓားနဲ့ လိုက်ထိုးတယ်လို့ပြောတယ်။ ညီမတို့ သူနာပြု အချင်းချင်း သတင်းရကြတာပါ။အောက်ဆီဂျင် မလုံလောက်တာ ညီမတို့အပြစ်မှမဟုတ်တာ။ ဆေးရုံမှာ အပြာဝတ်၊ အစိမ်းဝတ် ဆရာမကြီးတို့တော့ဒီနေ့ အလုပ်ဆင်းတယ်။ အားလုံး တစ်ရာကျော်လောက်ရှိတဲ့အထဲမှာ ငါးဆယ်ကျော်လောက် အလုပ် မဆင်းရဲကြဘူးဟုပြောသည်။

ယမန်နေ့ နံနက်ပိုင်းတွင် စစ်တွေဆေးရုံကြီး၌ အောက်ဆီဂျင်မရရှိသဖြင့်လူနာတစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုပြဿနာ ဖြစ်ပွားလာသည်ဟု သိ၇သည်။

ညနေဘက် အဲဒီသူနာပြု ညီမလေး အလုပ်ကပြန်တော့အန္တရာယ်ပြုဖို့စောင့်နေကြတယ်လို့သိရတယ်။ နင်တို့ကို မုဒိမ်းကျင့်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်လို့ပြောတယ်။မနေ့ကလည်း ဖေ့စ်ဘုတ်ပေါ်မှာ သူနာပြုတွေကို ဆဲဆိုတဲ့သတင်းတွေတက်လာတော့ ဆေးရုံအုပ်ကိုသွားပြောကြတယ်။ သတင်းသမား ဖွတာကို ဂရုစိုက်မနေနဲ့လို့ပြောလိုက်တယ်တဲ့။ ညီမတို့ကြောက်တာပေါ့။ဒါပေမယ့် တာဝန်ခံမှုတော့ ရှိ၇မယ်မလားဟုပြောသည်။

အဆိုပါသူနာပြု၏ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူကို  စိုးရိမ်ကြောင်း၊ ယခင်ကိုဗစ် ဒုတိယလှိုင်း အတွင်းကသူမ၏ သမီးဖြစ်သူမှာ ကိုဗစ်ကူးစက်ခံ၇သည်အထိ ပြည်သူများအတွက် လုပ်ဆောင်ပေးသူ ဖြစ်ကြောင်းပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေဆေးရုံအုပ်ဒေါက်တာကြည်လွင်နှင့်ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးဝင်းပိုင်အားဖုန်းဖြင့်ဆက်သွယ်ရာဖုန်းမကိုင်ကြသဖြင့် အတည်ပြုမေးမြန်းရန်နှင့် မည်သို့ဆက်လက်ဆောင်ရွက်မည်ကိုတင်ပြနိုင်ခြင်းမရှိသေးပါ။

ယင်းအပြင် ဓားနှင့်လိုက်ထိုးခြင်းနှင့် မုဒိမ်းကျင့်ပစ်မည်ဟုခြိမ်းခြောက်ခြင်း ဟုတ်/မဟုတ်ကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

လူမှုရေး လုပ်ငန်းများဆောင်ရွက်နေသည့် ဆရာဝေဟင်အောင်ကယခုဖြစ်ပွားနေသော ပြဿနာနှင့် ပတ်သက်ပြီး စိတ်ခံစားမှုနှင့် မဖြေရှင်းကြဘဲ နားလည်မှုရှိရှိဖြင့်သည်းခံဖြေရှင်းကြစေလိုသည်ဟု ပြောကြားသည်။

ပြနာက အတော်ကြီးသွားပြီပဲ။ ဒီအချိန်ကတော့ အကျပ်အတည်းကြားထဲနေ၇တဲ့အခါပြနာ တစ်ခုဖြစ်လာတဲ့အခါခံစားချက်နဲ့တုန့်ပြန်ဖို့ကြိုးစားကြတယ်ပေါ့။ အဲဒီအချိန်မှာ လူနာရှင်က် ကလည်း မိသားစုအလျောက်ခံစားနေရတာဖြစ်တယ်အတွက်ဒေါသနဲ့ တုန့်ပြန်မိတယ်ပေါ့။ သူနာပြုဆရာ၊ ဆရာမတွေအနေနဲ့ကလည်း ဝန်နဲ့ အားမမျှဘူးပေါ့လေ။သူတို့မှာလည်း ပစ္စည်းလည်း မပြည့်မစုံ၊ ဆေးရုံမှာ တန်ဆာပလာလည်းမပြည့်စုံလူနာကလည်းများတယ်။ ဆရာမတွေ အနေနဲ့လည်း သူတို့ဆီမှာ ဖိအားတစ်ရပ်ရှိနေတယ်ပေါ့။ ဒီပြသနာကိုဆရာမတွေအနေနဲ့ ဒေါသထွက်မယ် ဆိုရင်လည်း ဒီအချိန်မှာ မထွက်ကြပါနဲ့အုန်းလို့။ ဘာလို့လဲဆို၇င် ဒီကိုဗစ်ပြီးတော့မှထွက်ပါလို့။ ဒီအချိန်မှာ လူသားနဲ့ ရောဂါ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဒီကျန်းမာရေး ဌာနကဆရာ၊ဆရာမတွေဟာ ရှေ့တန်းတိုက်ပွဲမှာ တိုက်နေရတာပေါ့နော်။ ဒီအချိန်မှာ ခံစားချက်ကို သိပ်ဦးစာမပေးပဲနဲ့ငါတို့ဟာရှေ့တန်းက တိုက်နေရတာဆိုပြီး ခံစားချက်နဲ့ ကာကွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ဟိုဖက်ကလည်း ခံစားချက်နဲ့ပြောဆိုတာပဲဖြစ်မှာပါ။ တကယ်တမ်း လုပ်လိမ့်မယ် မဟုတ်ဘူးလို့ထင်တယ်။လူနာရှင်တွေအနေနဲ့လည်း တည်တည်ငြိမ်ငြိမ်၇င်ဆိုင်ပေးဖို့လည်း မေတ္တာရပ်ခံချင်တယ်  ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအနေနှင့်လည်း တကယ့်ကွင်းထဲကိုဆင်းပြီးပြဿနာများကို ဖြေရှင်းပေးသင့်သည်ဟု ပြောကြားသည်။

ပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ကလည်းဒီဟာသည် ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တယ်။ အစိုးရ အုပ်ချုပ်ရေး ယန္တရားအောက်က မြို့တစ်မြို့ဖြစ်တယ်။ဒီမြို့မှာတောင်အစိုးရအုပ်ချုပ်မှုယန္တရားက အကာအကွယ်မပေးနိုင်ရင် ကျန်တဲ့မြို့နယ်တွေအတွက်စိုးရိမ်ဖို့ကောင်းပါတယ်။ ဒါကြောင့် အစိုးရသည် အမြင့်ထက်မှာ ထိုင်နေတဲ့လူတွေမဟုတ်ဘဲတကယ်ကွင်းထဲကိုဆင်းပြီးတော့ ကွင်းထဲမှာ လိုအပ်တာတွေကို ဖြည့်စည်းနိုင်တဲ့အစိုးရတစ်ရပ်ဖြစ်သင့်တယ်လို့မြင်ပါတယ်ဟု ပြောကြားသည်။

စစ်တွေဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၃၃၅  ဦးရှိပြီး ယင်းအထဲတွင် ဆေးရုံတက်ရောက်ဆဲ လူနာ ၈ရဦးရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိ၇သည်။

ယင်းအထဲတွင် အောက်ဆီဂျင်ပေးထားရသည့် လူနာတချို့ရှိပြီး ၄င်းလူနာများအတွက်အောက်ဆီဂျင် လုံလောက်မှုမရှိကြောင်း၊ စစ်တွေဆေးရုံကြီးတွင် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ပြတ်တောက်မှုရှိနေကြောင်း ဖေ့စဘုတ်စာမျက်နှာတွင် live လွင့် ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရှိ၇သည်။

#ကျန်းမာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.