Preview

မေယုဒေသသံဃာ့သမဂ္ဂဗဟိုကော်မတီနှင့်လူမှုအဖွဲ့အစည်းတချို့ပူးပေါင်း၍ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းများသွားရောက်ထောက်ပံ့

သြဂုတ် ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :798
ရခိုင် သတင်း

ရဲသွေးနီနီ(စည်တောင်)

နိရဉ္ဇရာ၊ ဩဂုတ် ၁ / ၂၀၂၁

မေယုဒေသသံဃာ့သမဂ္ဂဗဟိုကော်မတီနှင့်မောင်တော၊ ဘူးသီးတောင်လူမှုအဖွဲ့အစည်းများ စုပေါင်း ဖွဲ့စည်းထားသည့် မေယုဒေသအရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(မောင်တော၊ ဘူးသီးတောင်) တို့ ပူးပေါင်း၍ ဘူးသီးတောင်မြောက်ပိုင်းရှိရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများသွားရောက်ထောက်ပံ့ခဲ့ကြောင်းသိ၇သည်။

၎င်းကယ်ဆယ်ထောက်ပံ့ရေးခရီးစဉ်မှာဇူလိုင် ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၂ ရက်တာ ကြာမြင့်ခဲ့ကြောင်း လူပေါင်း ၃၀၀ ခန့်ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်းဆိုခရီးစဉ်တွင် ကိုယ်တိုင်လိုက်ပါဆောင်ရွက်ခဲ့သူ မေယုဒေသ သံဃာ့သမဂ္ဂအဖွဲ့ဝင် ဆရာတော် ဦးနာယကကနိရဉ္ဇရာသတင်းဌာနကို မိန့်ကြားသည်။

"ဦးဇင်းတို့ကဘူးသီးတောင်အထက်ပိုင်းက ရေကြီးနစ်မြုပ်ခဲ့တ ကျွန်းပေါက်၊ဂုတ်ပီ၊ ခထီးလှ၊ ပန်းဖဲချောင်း၊ တောင်ဘဇာ၊ သရဖီ စတဲ့ရွာတွေကို အဓိကစားသုံးကုန်တွေဖြစ်တဲ့ဆန်၊ ဆီ၊ ဆား၊ ငရုပ် နဲ့ ရေသန့် တွေသွားလှူတာပါ။ လူတစ်ယောက် ၃ရက်စာနှုန်းနဲ့ ရွာပေါင်း ၇ ရွာကလူတွေကိုလှူခဲ့တာပါ။အိမ်တွေပျက်စီးတာတော့မရှိဘူး ရေနစ်ခဲ့လို့ ရွှံ့နွံတွေအိမ်ပေါ်တင်ကျန်ခဲ့တာတွေရှိတယ်။နောက်ပြီး ဇီးကုန်ရွာ နဲ့ ဂုတ်ပီရွာမှာဆိုရေအများကြီးနစ်ခဲ့လို့ ကျွဲ၊ နွား၊ဝက်တွေ သေတာတွေရှိတယ်" ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါခရီးစဉ်တွင်မေယုဒေသသံဃာ့သမဂ္ဂ ဗဟိုမှ ဆရာတော် ၃ ပါးအပါအဝင် မေယုဒေသ အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(မောင်တော၊ ဘူးသီးတောင်)မှ အဖွဲ့ဝင် ၇ ဦး စုစုပေါင်း အဖွဲ့ဝင် ၁၀ ဦးတို့မှစက်လှေဖြင့်ခရီးနှင်ခဲ့ကြတာဖြစ်ပြီး ဘူးသီးတောင်မှ ရေကြီးနစ်မြုပ်သည့်ကျေးရွာများသို့ ၄ နာရီကြာ သွားရကြောင်းသိ၇သည်။

ထို့အပြင်မေယုဒေသအရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မောင်တော၊ ဘူးသီးတောင်) သည်ဘူးသီးတောင်မြို့ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းရှိ ရေနစ်မြုပ်ခဲ့သည့် စစ်ဘေးရှောင် အိမ်ထောင်စုများထဲမှသက်ကြီးရွယ်အိုများ ရှိသည့် အိမ်ထောင်စုများကို ဇူလိုင် ၂၉ ရက် မနက် ၈ နာရီခန့်ကစားသောက်ကုန်များသွားရောက်လှူဒါန်းကြောင်းလည်းသိ၇သည်။

"ကျနော်တို့ကရေနစ်မြုပ်ခဲ့တဲ့အိမ်ထောင်စုတွေထဲက အသက်ကြီးပိုင်းတွေရှိတဲ့အိမ်ထောင်စု ၆ စုကို တစ်အိမ်ထောင်စီဆန်၂၅ kg တစ်အိတ်၊ဆီတစ်ဗူး၊ ကွေကာအု တစ်ထုတ် နဲ့ ငပိ၊ ငရုတ်၊ ဆားတွေ သွားလှူဖြစ်ပါတယ်" ဟုဘူးသီးတောင်လူငယ်အဖွဲ့ဝင် လည်းဖြစ် မေယုဒေသအရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ (မောင်တော၊ ဘူးသီးတောင်)ဝင်လည်းဖြစ်သူ ကိုနိုင်နိုင် မှ နိရဉ္ဇရာသတင်းဌာနာသို့ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင်ဇူလိုင် ၂၆ ရက်နေ့မှစ၍ ၃ ရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက်တောင်ကျရေများကြောင့်ရေကြီးရေလျှံမှုများဖြစ်ပေါ် ၍ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတို့တွင်ရေနစ်မြုပ်မှုများရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကျွန်းပေါက်၊ဂုတ်ပီ၊ ခထီးလှ၊ ပန်းဖဲချောင်း၊ တောင်ဘဇာ၊ သ၇ဖီ စတဲ့ရွာများမှာလည်းအဆိုပါမိုးရွာသွန်းမှုကြောင့် ရေ ၅ ပေကျော်တက်ခဲ့ကြောင်းသိ၇သည်။

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.