Preview

တိုင်းနှင့်ပြည်နယ်ယခင်ကောင်စီကို အမည်သစ်ဖြင့်ပြောင်းလဲဖွဲ့စည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးရ ဦးအမည်စာရင်းထုတ်ပြန်ကြေညာ

သြဂုတ် ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :7352
ရခိုင် သတင်း

အောင်ဇံ

နိရဉ္စရာ၊ ဩဂုတ် ၁

တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အမည်ဖြင့်ပြောင်းလဲဖွဲ့စည်းကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ယနေ့ ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ရ ဦးအမည်စာရင်းကို ထုတ်ပြန်ကြေညာရာပါဝင်သည့် ဝန်ကြီးများ၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒေါက်တာအောင်ကျော်မင်း(ဝန်ကြီးချုပ်)

ဗိုလ်မှုးကြီးကျော်သူရ( လုံခြုံရေးနှင်နယ်စပ်ရေးရာဝန်ကြီး)

ရဲမှူးကြီးသက်လွင်( လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)

ဦးအောင်မျိုး(လူမှုရေးရာဝန်ကြီး)

ဦးသန်းထွန်း(သယံဇာတရေးရာဝန်ကြီး)

ဦးစံရွှေမောင်(စီးပွားရေးရာဝန်ကြီး)

ဦးတင်လှ(တိုင်းရင်းသားရေးရာဝန်ကြီး)


၎င်းအပြင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးသည် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.