ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ဖြစ်ပွားသောအမှုအခင်းများကို တိုင်ကြားနိုင်ကြောင်း ULA ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

အောင်ဇံ

နိရဉ္စရာ၊ သြဂုတ် ၂/၂၀၂၁

ရခိုင်တွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် ဖြစ်ပွားသော အမှုအခင်းများကို တိုင်ကြားကြားနိုင်ကြောင်း ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်(ULA) က ယမန့်နေ့ သြဂုတ် ၁ရက်နေ့က ထုတ်ပြန် ကြေညာသည်။

တိုင်ကြားနိုင်သည့် အမှုများအထဲတွင် တရားခံရမှု၊ အကြမ်းဖက်မှု၊ မြေယာပြဿနာ အမှုအခင်းများ အပါအဝင် တရားဥပဒေအဆုံးအဖြတ်ကို ခံယူရမည့် အမှုအခင်းများ အားလုံးကို  ULA တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုင်ကြားမှုများကို အီးမေးလ် ၊တယ်လီဂရမ်၊VK လိပ်စာများမှတဆင့်  တိုင်ကြားသူ၏ ဆက်သွယ်ရန်နေရပ်လိပ်စာများ၊ အခင်ဖြစ်ပွားသည့် ဖြစ်စဥ်အသေးစိပ် များဖြင့် ကျူးလွန်ခံရသူ၏ ဆွေမျိုး သို့မဟုတ် မျက်မြင်သက်သေ တစ်ဦးဦးက တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

တိုင်ကြားရမည့် လိပ်စာများမှာ အီးမေးလ်တွင် [email protected] ၊တယ်လီရမ်တွင်

https://t.me//JusticeforArakan နှင့် VK တွင်https://vk.com//justiceforarakanland ဖြစ်ကြောင်း အဆိုပါ ကြေညာစာတွင်ဖော်ပြထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် နယ်မြေစိုးမိုးသော ဒေသများ တရားစီရင်းဌာနများ ဖွင့်လှစ်၍ ရာဇဝတ်မှု ခင်းများကို အရေးယူစီရင်နေမှုများ ရှိကြောင်း မြေပြင်သတင်းများ အရ သိရသည်။

အဆိုပါကြေညာချက်နှင့် ပတ်သက်ပြီး လက်ရှိ အိမ်စောင့်အစိုးရ၏ တုံ့ပြန်သဘောထားကို မေးမြန်းဆက်သွယ်၍ မရရှိသေးသဖြင့် လက်တလောတွင် တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ