Preview

မိုးအဆက်မပြတ်ရွာသွန်း၍ တစ်ပတ်အတွင်းဒုတိယအကြိမ်တောင်ကုတ်မြို့အနိမ့်ပိုင်းနေရာများသို့ ရေစတင်ဝင်ရောက်

သြဂုတ် ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :8642
ရခိုင် သတင်း

ထက်အောင်

နိရဉ္စရာ၊ ဩဂုတ် ၂/ ၂၀၂၁

မိုးရွာသွန်းမှုများခြင်းကြောင့် တောင်ကုတ်မြို့နယ်တွင်  ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး မြို့၏ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ယနေ့ ဩဂုတ်လ၂ ရက် နံနက်ပိုင်း ၁၀ နာရီလောက်က ဒုတိယအကြိမ် ရေများစတင်ဝင်ရောက်လာကြောင်း တင်းရရှိသည်။

လက်ရှိ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များသို့ရေစတင်ဝင်ရောက်လာခြင်းကြောင့် မြေနိမ့်ပိုင်းတွင် တည်ရှိသည့် နေအိမ်များနှင့် လမ်းကြိုလမ်းကြားများရေစတင်နစ်မြုပ်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်နေ ကိုရဲမာန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့ပေါ်မှာကတော့ အနိမ့်ပိုင်းကျတဲ့နေရာတွေက အကုန်လုံးမြုပ်နေပါတယ်။ ကျနော်တို့အိမ်ဆိုရင်လည်း အောက်ထပ်ကိုရေတွေစဝင်နေပြီ။ ကျနော်တို့ ဖက်ကတော့ မိုးအရမ်းရွာတဲ့အခါမြောင်းတွေကလည်းပိတ်နေတော့ ရေထွက်ပေါက်မရှိလို့ မိုးရေဝင်ပြီးပြည့်လာတာပေါ့ ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ရပ်ကွက် (၄) ခုရှိပြီး ကံပိုင်၊ ဂူတာ၊သိမ်တောင်နှင့် ချောင်းကောက် စသည့်ရပ်ကွက်များဖြစ်ကြကာတောင်ကုတ်ချောင်းအနီးတွင်ရှိသည့်သိမ်တောင်နှင့် ချောင်းကောက်ရပ်ကွက်များတွင်မိုးရွာသွန်းမှုများခြင်းနှင့်အတူ ချောင်းရေများပါဝင်ရောက်ကြောင်း သိ၇သည်။

ချောင်းကောက်ရပ်ကွက်ဆိုရင်လည်းချောင်းနဲ့နီးတယ်။ သိမ်တောင်လည်းအဲလိုပါပဲ။ လောလောဆယ်မှာတော့မိုးကလည်း ရွာနေတုန်းပဲရှိသေးတယ်။ မိုးက ဆက်ပြီးရွာနေအုံးမယ်ဆိုရင်ရေကပိုတက်လာနိုင်တယ်။ ကျနော်တို့ဖက်က တော့ နှစ်စဉ်နှစ်တိုင်းဆိုသလိုဒီလိုဖြစ်နေတာ။ အနိမ့်ပိုင်းနေရာတွေဆိုရင်တော့ နည်းနည်းစိုးရိမ်၇ပါတယ် ဟု ကိုရဲမာန်က ဆိုသည်။

တောင်ကုတ် ရှင်သန်ရေးကူညီမှုအသင်းမှ ကိုညိုမင်းအောင်ကလည်းမြို့ပေါ်ရပ်ကွက်တွေမှာမိုးရွာသွန်းမှုများတဲ့အတွက်နေအိမ်တွေအတွင်းသို့ ရေဝင်ရောက်လာပြီး လက်ရှိအချိန်မှာစိုးရိမ်စရာမရှိသေးကြောင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် ပြီးခဲ့သည့်ဇူလိုင် ၂၇ ရက်နေ့ ရက်ပိုင်းကလည်း သံတွဲနှင့် တောင်ကုတ်မြို့နယ် အပါအဝင် တစ်ခြား မြို့နယ်တချို့မှာရေကြီးရေလျှံမှုနှင့်ရင်ဆိုင်ခဲ့ရပြီး ပြည်နယ်တွင်းကစစ်ဘေးရှောင်စခန်းများတွင်လည်း ရေကြီးမှုများနှင့် ရင်ဆိုင်နေရကြောင်းသတင်းရရှိသည်။

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.