အောင်ဇံ
နိ၇ဉ္စရာ၊သြဂုတ် ၂/၂၀၂၁
ပင်လယ်ပြင်က သင်္ဘောသားဇာတ်လမ်းများကို ရေးသားထင်ရှားခဲ့သည့် စာရေးဆရာကြီး အဏ္ဏဝါ စိုးမိုးသည် ယနေ့ သြဂုတ် ၂ရက် နံနက် ၈ နာရီကရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၉၆) ပါးရောဂါဖြင့် ကွယ်လွန် သွားကြောင်း သိ၇သည်။
ဆရာကြီး အဏ္ဏဝါစိုးမိုးသည်၇ခိုင်ပြည်နယ် ၊ဂွ မြို့နယ်၊ကျိန္တလီရွာဇာတိဖြစ်ပြီး ကိုယ်တိုင်လည်း သင်္ဘောသားတစ်ဦးဖြစ်ကာ နိုင်ငံတကာတွင် သင်္ဘောတို့၏ ကြုံတွေ့ခဲ့၇သည့် အဖြစ်အပျက်များကို ဝတ္ထုတိုများ၊ သရော်စာများ၊ ဘာသာပြန်စာအုပ်များများစွာ ရေးသားခဲ့သည်။
ဆရာကြီး၏လက်ရာများတွင် '' သတင်းစာအဟောင်းနှင့်မီးချောင်းအကျွမ်း(၁၉၈၀) သည်ပထမဆုံးလက်ရာဖြစ်ပြီး "အဏ္ဏဝါခရီးသည်၊ ပင်လယ်ပျော်ကြီး၊ သင်္ဘောသား၏ ဂန္ထဝင်ကလဲ့စား၊သင်္ဘောသားလောက၏ မှုခင်းများ၊ အိုပယ်ကြီး၏ နောက်ဆုံးနေ့များ''စသည့်စာအုပ်များအပြင် သရော်စာများသည်လည်း ထင်ရှားခဲ့သည်။
ဆရာကြီးအဏ္ဏဝါစိုးမိုးသည်ကွယ်လွန် ချိန်တွင် အသက် ၈၁နှစ်ရှိပြီ ဖြစ်သည်။