Preview

မြေပုံနှင့်အမ်းမြို့နယ်မှ မြို့အချို့နှင့် အနည်းဆုံးကျေးရွာ ရ ရွာ တစ်ပတ်ကြာ လျှပ်စစ်မီးပြတ်တောက်နေ၍ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများရှိနေ

သြဂုတ် ၀၃/ ၂၀၂၁ | ကြည့်ရှုသူ :9040
ရခိုင် သတင်း

အောင်ဇံ

နိရဥ္စရာ၊သြဂုတ် ၃/၂၀၂၁

၇ခိုင်ပြည်နယ်မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အပါအဝင် ကျေးရွာ ၄ ရွာနှင့်အမ်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာ လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ရက်သတ္တတစ်ပတ်ကြာမြင့်နေပြီဖြစ်၍ ဒေသခံများ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့်ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက်ချက်ပြုတ်စားသောက်ရေးအပါအဝင် ဆက်သွယ်ရေး အတွက်ပါ ခက်ခဲနေကြောင်း ဒေသခံများကနိရဥ္စရာသို့ ပြောသည်။

ကမ်းထောင်းကြီးမြို့မှကိုထွန်းထွန်းစိုးက '' မီးပြတ်နေတာရ ရက်တစ်ပတ်ရှိပြီ။ ဒီနေ့ တစ်ပတ်ပြည့်တယ်။ မီးပြတ်နေတော့ ဖုန်းအားတွေလည်းမသွင်း၇ဘူး။ အဆက်အသွယ်တွေလည်း တော်တော်ပြတ်တယ်။ ဖုန်းလည်းဘတ်ထရီမဖြည့်ရ၊ တီဗွီလည်းမကြည့်ရဆိုတော့ ကိုဗစ်သတင်းအချက်အလက်တွေလည်းမရဘူး။ဆိုတော့ခါ လူတွေပေါ့လျော့လာတာရှိတယ်။ နောက်ပြီး တခြားနေရာကသတင်းတွေလည်းမသိ၇တော့ နည်းနည်းပေါ့လျော့လာကြတာပေါ့''ဟု ပြောသည်။

လျှပ်စစ်မီးပြတ်တောက်နေသည့်နေရာများမှာ မြေပုံမြို့နယ်တွင် ကမ်းထောင်းကြီးမြို့အပါအဝင်ကမ်းထောင်းကြီးဓာတ်အားခွဲရုံမှ လျှပ်စစ်မီးပေးထားရသည့် တပ်ရာ၊ ပေါက်တူးတောင်၊သရက်တောင်၊ ကျေးတော ကျေးရွာများဖြစ်ပြီး အမ်းမြို့နယ်တွင် ရူး ၊ ဒုက္ကန်၊ရူး(ချင်းရွာ)ကျေးရွာများဖြစ်ကြောင်း သိ၇သည်။

ကိုဗစ်ကူးစက်လူနာ၂၄ ဦးအထိရှိခဲ့သော အမ်းမြို့နယ် ရူးစံပြကျေးရွာတွင်လည်း လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်မှုများအပြင် ချက်ပြုတ်စားသောက်ရေးပါအခက်အခဲများရှိနေကြောင်း သိ၇သည်။

''ဒီနေ့ကိုဗစ်ဆေးထိုးတယ်။ မီးမလာတော့ ကိုဗစ်ဆေးထိုးဖို့ စာရင်းတွေလုပ်တာကအစခက်ခဲသွားတယ်ပေါ့။ မီးပြတ်နေတော့ အိမ်မှာ ထမင်းစားဖို့အရေးကအစ လျှပ်စစ်မီးနဲ့ထမင်းချက်၇တော့ အခက်အခဲတွေ ဖြစ်တာပေါ့''ဟု ရူးစံပြကျေးရွာအုပ်ချုပ်ရေးမှုး ဦးခင်မောင်ထွန်းက ပြောသည်။

ဇူလိုင်လ၂၆ ရက်မှစပြီး အမ်းပင်မဓာတ်အားခွဲရုံကြီးတွင် ထရန်စဖော်မာရှော့ခ်ဖြစ်၍အမ်းမြို့နယ်တစ်ခုလုံးနှင့် ကမ်းထောင်းကြီးဓာတ်အားခွဲရုံများတွင် လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်။

အမ်းပင်မဓာတ်အားခွဲရုံမှလက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်စိုးက '' ကမ်းထောင်းကြီးက ကြိုးတွေဘာတွေလည်းမီးလောင်ပြီးပြတ်ကျတာဆိုတော့ ကမ်းထောင်းကြီးမြို့နယ်လျှပ်စစ်မှူးနဲ့ခရိုင်လျှပ်စစ် အင်ဂျင်နီယာတို့က ကြိုးတွေပြန်ဆွဲတာတို့လိုအပ်တာတွေ ဆက်တိုက်လုပ်နေကြတယ်ဗျ။ သူတို့အားလုံးပြီးရင်တော့ ကျနော့်ဆီကမီးပြန်လွှတ်ဖို့ အသင့်ပဲဗျ။'' ဟုနိရဥ္စရာသို့ပွောသညျ။

ပြန်ပြင်နေမှုမည်သည့်အချိန်တွင်ပြီးစီးနိုင်မည်ဆိုသည်ကို လောလောဆယ် မသိနိုင်သေးဟုလည်း ဆိုသည်။

မီးပြတ်တောက်ပြီးနောက်ဇူလိုင်လ ၂၈ ရက်နေ့တွင် အမ်းမြို့တွင်းနှင့် အနောက်ပိုင်းတိုင်စစ်ဌာနချုပ်၊ဇူလိုင်လ ၂၉ ရက်နေ့တွင် အမ်းမြို့နယ် တပ်တောင်မြို့တို့ကို လျှပ်စစ်မီးပြန်ပေးနိုင်ခဲ့ကြောင်းသိ၇သည်။

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.