နောင်ခိုင်အောင်၊ အောင်ဇံ
နိရဥ္စရာ၊သြဂုတ် ၄/ ၂၀၂၁
စစ်တွေမြို့တွင် ကိုဗစ်စည်းကမ်းမလိုက်နာဘဲ ပဆစ်ကစားနေသည့် ပဆစ်ဝိုင်းများကို ယနေ့ညနေက ပြည်နယ်ပူးပေါင်းရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးရာ အနည်းဆုံး လူ ၁၂ ဦး ထိန်းသိမ်းခံခဲ့၇သည်ဟု သတင်းရရှိသည်။
၎င်းဖမ်းဆီးခံ၇သူများမှာစစ်တွေမြို့ ၊ဆင်ကူးလမ်းရပ်ကွက်၊ အုန်းတပင်ရပ်ကွက်နှင့် ကျောင်းကြီး လမ်းရပ်ကွက်တို့မှ ဖြစ်ကြပြီး ယနေ့ညနေ ၄နာရီ ခွဲခန့်ကရဲတပ်ဖွဲ့ဝင်များ ပဆစ်ကစားနေစဉ် ရှောင်တခင် ဝင်ရောက် စစ်ဆေးရာကဖမ်းမိခြင်းဖြစ်သည်ဟု ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများကိုစစ်တွေ မြို့နယ်ရဲစခန်း အချုပ်တွင် တစ်ည ချုပ်ထားမည် ဖြစ်ပြီးနောက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
ထိုသို့ဖမ်းဆီးခြင်းသည်ကိုဗစ်ကာလစည်းကမ်းများကို လိုက်နာမှုမရှိသောကြောင့် ဟုသိ၇သည်။