အောင်ဇံ
နိ၇ဉ္စရာ၊ဇူလိုင် ၅/၂၀၂၁
၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ကတည်းက ဖမ်းဆီးထားသော တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းမှ ဦးအောင်ဝင်းနိုင်ကိုတောင်ကုတ်ရဲစခန်းတွင် လိုင်စင်မဲ့ယာဥ်စီးနင်းမှု အပါအဝင်အမှု ၂ခု ဖြင့် အမှုဖွင့်ထားကြောင်းဇနီးဖြစ်သူ မတွယ်တာစိုးကပြောသည်။
'' အမှုဖွင့်ထားတာကဟုတ်တယ်။ ဖမ်းထားတာကိုရဲစခန်းက အကြောင်းမကြားဘူး ၊ ကိုယ်ဖာသာ စုံစမ်းရတာ။ရဲစခန်းရောက်နေတာတစ်လ ပြည့်တော့မယ်။ အမှုက ကား blackမှုနဲ့ အခြားအမှု တစ်ခုလည်းပါသေးတယ်ပြောကြတယ်။အခြားသူတွေသတင်းတော့မကြားရဘူး။ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်''ဟု ပြောသည်။
မိုးပညာဒါနပ၇ဟိတသင်တန်းကျောင်း ဥက္ကဋ္ဌဦးအောင်ဝင်းနိုင် (၄၁) နှစ်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင်တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့၇သည်ဟု ဆိုသည်။
''သူတို့တရားစွဲထားတာကလည်း ဘာအမှုမှန်းရေရေရာရာမသိရဘူး။အာမခံလည်း မရသေး။ ဖြစ်နိုင်ရင်တော့ ပြန်လွှတ်စေချင်တာပေါ့။ အပြစ်မရှိရင်ပြန်လွှတ်ပေးပေါ့ လေ''ဟု မတွယ်တာစိုးက ပြောသည်။
ဦးအောင်ဝင်းနိုင်နှင့်အတူဖမ်းဆီးခံထား၇သူ (၆) ဦးမှာ ယနေ့အချိန်ထိ မည်သူမည်ဝါ မှန်း မသိရသေးပဲပျောက်ဆုံးလျက်ရှိနေကြောင်း၊ ဦးအောင်ဝင်းနိုင်တွင်၉ လအရွယ်နှင့် ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးရှိ ပြီး မိသားစုလည်းစားဝတ်နေရေးခက်ခဲနေကြောင်းသိ၇သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် ရဲစခန်းသို့ အသေးစိတ်မေးမြန်းရန်ဆက်သွယ်သော်လည်း တစုံတရာ ဖြေဆိုခြင်း မရှိခဲ့ပါ။