မိုးရွာသွန်းမှုများသောကြောင့် တည်ဆောက်မှု ၆၈ ရာနှုန်းပြီးစီးနေပြီဖြစ်သည့် သံတွဲသူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် အပျက်အစီးများရှိ

အောင်ဇံ
နိရဉ်စရာ၊ သြဂုတ် ၈ / ၂၀၂၁
တည်ဆောက်မှု ၆၈ရာနှုန်းပြီးစီးနေပြီဖြစ်သည့် သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းတွင် မိုးများပြီး ချောင်းရေကြီးမှုများကြောင့် မြေပြိုပြီး ပျက်စီးမှုတချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံ
ရေစီးနှုန်းများ တမံများပြိုပျက်ခဲ့သလို ဝန်ထမ်းအိမ်ရာရှေ့နားက ကမ်းပါးလည်း ရေတိုက်စား၍ ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ရေတိုက်စားမှုများ၍ သူဌေးချောင်းကမ်းပါးပြိုကျမှုကြောင့် စီမံကိန်းဝန်ထမ်းအိမ်ယာများကိုလည်း ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားသည်။
''ဝန်ထမ်းအိမ်ယာ ၈ လုံးက ရွှေ့ထားတယ်။ရေတွေတက်လာတော့ ဒီဟာတွေက ပြိုကျသွားနိုင်တယ် ဆိုပြီး မပြိုခင် ၃ ၊ ၄ရက်က ကြိုပြီးသိ ထားတော့ ကျနော်တို့ လွတ်တဲ့နေရာ ရွှေ့ထားတယ်။ အပျက်အစီး ထိခိုက်မှုမရှိပါဘူး'' ဟု ဦးကျော်အေးက ပြောသည်။
သံတွဲ သူဌေးချောင်း
စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၄-၂၀၂၅
ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင်
တည်ဆောက်မှု ၆၈ ရာခိုင်နှုန်း အထိ ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ က သံတွဲမြို့နယ်တွင် မိုးရေချိန်များပြီး ချောင်းရေတိုးသောကြောင့် ရေလွှမ်းမိုးခဲ့ပြီး လူနေအိမ် ၄၆ လုံးအပါအဝင် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်။