Preview

မင်းပြားမြို့နယ် လက်မမူဆလင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဦးနှင့် မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီမှ သတင်းထုတ်ပြန်

သြဂုတ် ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :2440
ရခိုင် သတင်း
နိရဉ္စရာ၊ဩဂုတ် ၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု၊ လက်မမူဆလင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ နှင့် မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီတို့မှ ဩဂုတ် ရ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
၎င်းသတင်းထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ အာရေဗီးယားသာနှစ်ခုဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA) က လက်မမူဆလင်ကျေးရွာသို့ ဝင်ရောက်ရခြင်းမှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များရှိ ကျေးရွာများမှ ကျွဲများ၊ နွားများကို ခိုးယူခြင်း၊ အိမ်တက်၍ ပ္စစည်းများကို ခိုးယူခြင်း၊ ဆိုင်များကို ဖောက်ထွင်း၍ ခိုးယူခြင်းစသည်များကို လုပ်ဆောင်နေသည့် လူဆိုးသူခိုးများကို ထိန်းသိမ်းရန်အတွက် ရပ်ရွာလူကြီးများ၏ ဖိတ်ခေါ်ချက်အရ ဝင်ရောက် လာခြင်းသာဖြစ်ပြီး လက်မရွာအတွင်း ရှိနေစဉ် မူဆလင်များအားနှိပ်စက်ခြင်း၊ စော်ကားခြင်း (လုံး၀) လုံး၀ မပြုလုပ်ခဲ့ကြောင်း အာမခံသည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများလည်း ခိုးမှု၊ သတ်ဖြတ်မှုတို့ကို ကျူးလွန်နေသူများသာဖြစ်ကြပြီး ရပ်ရွာလူကြီးများမှတစ်ဆင့် ထိန်းသိမ်းရန် ခေါ်ယူသွားခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။
၎င်းစာကို မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌနှင့် မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌတို့မှ လက်မှတ်ထိုးထုတ်ပြန်ထားသည်။
#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.