English Edition
သောကြာနေ့၊ ဇွန်လ ၂၇ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ချင်းလူမျိုးဦးတင်လှကို ခန့်အပ်မှုအပေါ် ချင်းအဖွဲ့အစည်း (၆)ဖွဲ့ ကန့်ကွက်
သြဂုတ် ၁၁/ ၂၀၂၁ | ကြည့်ရှုသူ :4598
ရခိုင် သတင်း
အောင်ဇံ
နိရဉ္စရာ၊ သြဂုတ်၉/၂၀၂၁
အိမ်စောင့်အစိုးရ၏ ရခိုင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ချင်းလူမျိုး ဦးတင်လှအား ခန့်အပ်ခြင်းကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်က ချင်းအရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့က သြဂုတ်လ ၈ ရက် နေ့စွဲဖြင့် ပူးတွဲ ကြေညာချက်ထုတ်ပြန်သည်။
ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်သည့် ချင်းအရပ်အဖွဲ့အစည်များမှာ ၇ခိုင်အခြေစိုက် Arakan Chin Together၊ Chin University Students in Rakhine State၊ Chin Humanitarian Assistance Tame၊ Cumtu Chin Youths (Overse)၊Hpalakya Youth group ၊ Laltu Chin Youth Network-Yangon တို့ဖြစ်ကြသည်။
Chin Humanitarian Assistance Tame အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦးက '' စစ်ကောင်စီက ခန့်အပ်တာကို ဦးတင်လှ အနေနဲ့ လက်ခံတဲ့ အပေါ်မှာ ကန့်ကွက်ရတာဖြစ်ပါတယ်။ ကျနော်တို့ ကန့်ကွက်တာဟာ ဦးတင်ဦးဟာ ချင်းလူမျိုး ဖြစ်လို့ ကန့်ကွက်ရတာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်တာမှန်သမျှကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒီတခါက ကျနော်တို့ ချင်းလူမျိုးတွေနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့ သော်လည်းကောင်း သက်ဆိုင်နေလို့ ကန့်ကွက်ရတာပါ'' ဟု နိရဉ္စရာ သတင်းဌာကို ပြောသည်။
၎င်းအဖွဲ့ ၆ ဖွဲ့၏ ကျေညာချက်ထဲတွင် အာဏာသိမ်းမှုကြောင့် ချင်းလူမျိုးများ အပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံမှ စစ်အာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေး အတွက် အသက်ကိုပင် စတေးပြီး တော်လှန်နေကြသည့် အချိန်တွင် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ယန္တရားအောက်တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး လက်ခံခြင်းသည် မသင့်လျှော်ကြောင်း ရခိုင်ပြည်နယ်မှ ချင်းအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ရှုမြင်သည်ဟု ဖော်ပြပါရှိသည်။
''ဦးတင်လှ အနေနဲ့ ပြည်သူတွေမကြိုက်တဲ့ စစ်ကောင်စီအောက်ကနေ ကိုယ့်အသိတရားနဲ့ရုန်းထွက်ဖို့ ကျနော်တို့ မျှော်လင့်တယ်။အဲ့လိုမှ မဟုတ်ရင် ဆက်ပြီးဖြစ်လာမယ့်အရာတွေကို သူ့အနေနဲ့ သမိုင်းပေးတာဝန် တရပ်အနေ့နဲ့ ပြစ်ဒဏ်တွေကို ခံ၇ပါလိမ့်မယ်" ဟု၄င်းက ဖြည့်စွက်ပြောသည်။
အဆိုပါပူးတွဲ ကြေညာချက်တွင် ဦးတင်လှသည် ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများ ရွေးကောက် တင်မြှောက်ထားသူ မဟုတ်သဖြင့် ချင်းလူမျိုးများကို ကိုယ်စား မပြုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ချင်းအရပ်ဖက်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ အနေဖြင့်လည်း စစ်ကောင်စီနှင့် မပူးပေါင်းရန် တိုက်တွန်းကြောင်းပါဝင်သည်။
အိမ်စောင့်အစိုးရက ချင်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ပလက်၀ဒေသခံ ရခိုင်လူမျိုး ဦးစိန်ထွန်းလှအား ခန့်အပ်ခြင်းကိုလည်း ချင်းပြည်နယ်၌ ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.