Preview

ကိုဗစ်ကာလ မသန်စွမ်းသူများအခက်အခဲရှိ၍ သီးသန့်ထောက်ပံ့မှုများ လိုအပ်နေဟုဆို

သြဂုတ် ၁၁/ ၂၀၂၁ | ကြည့်ရှုသူ :7793
ရခိုင် သတင်း

သဉ္စာနွယ်
နိရဉ္စရာ ၊သြဂုတ်၉/၂၀၂၁
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်းစာရင်းအရ ၇ခိုင်ပြည်နယ်တွင် မသန်စွမ်းသူပေါင်း ၅၀၅၅၀၃ ဦးအထိရှိပြီး ထိုမသန်စွမ်းသူများအတွက် ကိုဗစ်ကာလတွင် အထောက်အပံ့များလိုအပ်နေကြောင်း မသန်စွမ်းသူများ အရေးဆောင်ရွက်နေသူများက ပြောသည်။
ရခိုင်ပြည်နယ် မသန်းစွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်က "ကျနော်တို့ အတွက်တော့ အခက်အခဲကတော့ ပေါင်းစုံပါပဲ။ အထောက်အပံ့ တွေတော့၇တယ်။ ဒါပေမယ့်လူ ၁၀၀မှ ၉၀လောက်ကတော့ လိုအပ်ချက် တွေများနေပါတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း အရင်တုန်းကဆို မသန်စွမ်းသူတွေကို ခွဲခြားပြီး နှိမ်ပြီး လူရာမသွင်းတာမျိုးရှိတယ်။ ခုနောက်ပိုင်းမှာတော့အဲ့လိုတွေ သိပ်မရှိတော့ဘူး။ စားဝတ်နေရေး အတွက် ထောက်ပံ့တာတွေရှိပေမယ့်လည်းမလုံလောက်ဘူး" ဟု နိရဉ္စရာကိုပြောသည်။
ကူးစက်မြန်ကိုဗစ်တတိယလှိုင်းအတွင်း လက်လုပ်လက်စားပြည်သူ့အချို့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသလို့ ပြည်နယ်အတွင်းက မသန်စွမ်း သူများလည်း စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း၊ ကိုဗစ်ကာလအတွင်း မသန်စွမ်းသူများမှာ အလုပ်အကိုင် စားဝတ်နေရေး အဆင်မပြေဖြစ်နေသဖြင့် အကူအညီ အထောက်အပံ့များလိုအပ်နေကြောင်း၊ ၇ခိုင်ပြည်နယ်တွင် မသန်စွမ်းသူ ၅ သိန်းကျော်ရှိကြောင်း ၎င်းကပြောသည်။
မသန်စွမ်းအဖွဲ့ဝင် မခင်ယဥ်ဇော်က "ကျမတိုအတွက်တော့ကျန်းမာရေးကအစ ဆေးကဒ်တွေ အထောက်အပံ့လိုတယ်။ အလုပ်လည်းမရဘူး။ မသန်စွမ်း ဆိုတော့။ အခုဆိုအထောက်အပံ့မ၇တာ ၂လ၊ ၃လလောက်ရှိပြီ"ဟု ပြောသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအရ မြန်မာနိုင်ငံ မသန်စွမ်းသူဦးရေ ၅၉၆၈၉၈၆ ဦးရှိပြီး ၇ခိုင်ပြည်နယ်တွင် ၅၀၅၅၀၃ ဦးရှိကြောင်း ဖော်ပြထားသည်။
၎င်းအရေအတွက်မှာ ရခိုင်တစ်ပြည်နယ်လုံး လူဦးရေ၏ ၁၇.၃ ရာခိုင်နှုန်းရှိကြောင်း၊ ထိုအထဲတွင် အမြင်မသန်းစွမ်းသူ ၂၀၇၀၁၂ ဦးနှင့် အကြားမသန်စွမ်းသူ ၁၁၀၂၆၄ ဦးရှိကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။
(ဓာတ်ပုံ- ၇ခိုင်မသန်စွမ်းဥက္ကဋ္ဌ ဦးလှမြင့်)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.