Preview

နှစ်လကျော်ကြာဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲ

သြဂုတ် ၁၁/ ၂၀၂၁ | ကြည့်ရှုသူ :9009
ရခိုင် သတင်း

အောင်ဇံ
နိရဉ်စရာ၊ သြဂုတ် ၉/၂၀၂၁
၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တည်းက ဖမ်းဆီးခံ၇ပြီး ၂လ ကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မ၇ဘဲ ပျောက်ဆုံးနေသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်ကို ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တောင်ကုတ် မြို့နယ်တရားရုံး၌ ရုံးထုတ် တရားစွဲဆိုလိုက်ကြောင်း သိ၇သည်။
ဦးအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက '' ဒီနေ့ရုံးထုတ်တယ်။ မြင်တော့မြင်လိုက်ရတယ်။ ရုံးထုတ်တယ်ဆိုလို့။ စကားတော့မပြောလိုက်ရဘူး။ ကျွန်မတို့ကို တရားရုံးထဲဝင်ခွင့် မပေးဘူး'' ဟု နိရဉ္စရာသို့ ပြောသည်။
နောက်ထပ် ဩဂုတ် ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်းပေးလိုက်သည်ဟု သိ၇သည်။
ဦးအောင်ဝင်းနိုင်အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်မီမီခိုင်က '' ရုံးချိန်းက ၂၃ ရက်နေ့ ချိန်းထားတယ်။ အဲ့ဒီအခါကျမှ အတိအကျသိရပါမယ်။ အခုက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)လို့ဘဲ သိထားသေးတယ်။ မြို့နယ်ရဲတပ်ဖွဲ့က တရားလိုလုပ်တာ။ ဘယ်သူလဲဆိုတာတော့ အတိ အကျ မသိ၇သေး'' ဟုပြောသည်။
ဦးအောင်ဝင်းနိုင်ကို တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ က မတရား အသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁) ဖြင့် တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ဖမ်းဆီးခံ၇သည့် အခြား ၆ ဦးမှာ ယနေ့အချိန်ထိအဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေဟု သိ၇သည်။
အဆိုပါ မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇ (၁) သည် ၂နှစ်ထက်မနည်း၊ ၃နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်း သိ၇သည်။
အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

#တရားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.