English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၀၁ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေမြို့ရှိ ဗေုဒ္ဓါမော်စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်
သြဂုတ် ၁၁/ ၂၀၂၁ | ကြည့်ရှုသူ :2428
ရခိုင် သတင်း
သဥ္ဇာနွယ်၊အောင်လင်းထွန်း
နိရဥ္စရာ၊ သြဂုတ် ၉/ ၂၀၂၁
စစ်တွေမြို့ရှိ ဗေုဒ္ဓါမော် ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင် စခန်းတွင် လူကယ်ပြန်က ထောက်ပံ့သော ဆန်ရိက္ခာမရောက်သည်မှာ (၃) လခန့်ရှိနေပြီဖြစ်သဖြင့် စစ်ဘေးရှောင် ၂၀၀ ကျော် စားရေးသောက်ရေးနှင့် အခက်အခဲ ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။
ကျောက်တော်မြို့နယ် ပြိုင်းတိုင်ကျေးရွာမှ လာရောက်ခုံလှုံသူ စစ်ဘေးရှောင် ဦးမောင်အေးကျော်က "ကျွန်တော်တို့ဗေုဒ္ဓါမော်ကျောင်းကို ၅ လပိုင်း ၁၅ ရက်နေကရောက်လာတာ ဆရာတော်ကဘဲ အလှူခံကျွေးနေရတယ်။ အစိုးရဆီက ဆန်ကျတော့ တစ်လဖိုးလည်းမ၇သေးဘူး။ ၅ လပိုင်းလည်းမ၇ ၆လပိုင်း၊ ရလပိုင်းလည်း မ၇ဘူး။ အခု၈လပိုင်းရောက်နေပြီ။ ဒီနေ့ထိ အစိုးရဆီက ဆန်ထောက်ပံ့မှု မရရှိသေးဘူး"ဟု မှပြောသည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ၇သေ့တောင်၊ ချင်းပြည်နယ် ပလက်၀မြို့နယ်မှ အိမ်ထောင်စု(၇၁)စုနှင့်လူဦးရေ ၂၇၅ ဦး တို့နေထိုင်ကြောင်းသိရှိ၇သည်။
၎င်းကျောင်းတိုက်ဆရာတော်အရှင်သုဇာတာက“အခုရွေ့ပြောင်းလာတဲ့ စစ်ဘေးရှောင်တွေက မေ ၁၅ ရက်နေ့ကတည်းက ဦးဇင်းတို့ ကျောင်းကို အခက်ခဲတွေနဲ့ရောက်လာတယ်။ ဦးဇင်းတို့လည်း နဂိုရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဆိုတော့နေရာကမရှိဘူး။ဒါပေမယ့် သူတို့ကိုဦးဇင်းကသနားတယ်။ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ထပ်ပြီးတော့ မကြည့်ရက်တော့ဘူး။အဲ့ဒါကြောင့် သူတို့ကို ဦးဇင်း အခက်ခဲတွေ ကြားက ရပ်ကွက်ထဲက အလှူခံပြီး နေစရာရအောင် လုပ်ပေးလိုက်တယ်။ စားဝတ်နေရေးကတော့ ၅လပိုင်းလောက်ကတည်းက အခက်ခဲနည်းနည်းဖြစ်နေတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
၎င်းတို့အနေဖြင့် စားရေးသောက်ရေး အထူးအခက်အခဲဖြစ်နေကြသဖြင့် နေရပ်ပြန်လိုသော်လည်း မိုင်းအန္တရာယ်နှင့် ရွာအနီး စစ်တပ်များ ရှိနေသေးသဖြင့် မပြန်ရဲကြဘဲ ဖြစ်နေသည်ဟု ဆိုသည်။
“ နေရပ်ကိုလည်းပြန်ချင်တယ်။ ကျွန်တော်တို့ကျေးရွာတွေမှာ မိုင်းတွေ ရှင်းသွားမှ၊ စစ်သားတွေမရှိမှ ကျနော်တို့ နေရပ်ကို စိတ်ချလက်ချပြန်ရဲမှာ။ ကျနော်တို့ စစ်ဘေးရှောင်တွေရဲ့ ဘ၀က စားဝတ် နေရေးလည်း ခက်ခဲသလို နိုင်ငံတော်ရဲ့ အထောက်အပံ့ကိုလည်း မရဘူးဖြစ်နေတယ်။ အစိုးရက တာဝန်ယူပြီး ပြန်ပို့မယ်ဆို ကျနော်တို့ဒီကနေ ချက်ချင်းပြန်မှာပါ ”ဟု စစ်ဘေးရှောင်စခန်းနေသူ ဦးမောင်အေးကျော်က ပြောသည်။
#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.