Preview

ချုပ်ရက်ရှည်ကြာနေသော အမှုများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း နစကကောင်စီထုတ်ပြန်ကြေညာ

သြဂုတ် ၁၄/ ၂၀၂၁ | ကြည့်ရှုသူ :6358
ရခိုင် သတင်း


အောင်ဇံ
နိရဉ္စစရာ ၊ သြဂုတ်၁၁ /၂၀၂၁
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါပြစ်မှုအပါအဝင် အမှုတချို့မှအပ ချုပ်ရက်ရှည်ကြာနေသော အမှုများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာသည်။
၎င်းအမိန့်ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ် ကာကွယ် ကုသရန်နှင့် ကျန်ရှိနေသည့် ချုပ်ရက်ရှည်ကြာနေသော တရားခံများကိုသတ်မှတ်ချက်များနှင့် အညီ သက်ညှာစွာဖြင့် အမှု ပိတ်သိမ်းနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အ၇ ထုတ်ပြန်သည်ဟု ဖော်ပြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံများတွင် စွဲဆိုခံရပြီး ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရမည်ဟု ကြေညာချက်တွင် ပါရှိသည်။
သို့ရာတွင် ယခုလွတ်မိန့်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေပါအမှုများ (အမိန့်အမှတ် ၁၄၇/၂၀၂၁ ပါ အပိုဒ် ၂ (စ ) ၂ (ဆ)ပါ ပြစ်မှုများ မပါ) ၊ မတရားအသင်း အက်ဥပဒေပါ ပြစ်မှု များ၊နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု( ရာဇသတ်ကြီး ပုဒ်မ ၁၂၂) ၊အကြည်ညိုပျက်အောင်ပြုမှု{ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)} အရစွဲဆိုထားသောအမှုများ ၊ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးမှုများ ၊တရားရုံးတွင် ဦးတိုက်လျှောက်ထားစွဲဆို ထားသောအ မှုများ ၊ သက်ဆိုင်ရာ အဖွဲ့အစည်းမှ လုံလောက်သောအကြောင်းပြချက်ဖြင့် အမှု ပိတ်သိမ်းခြင်း မပြုသင့် ကြောင်း၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မတိုင်မီ သက်ဆိုင်ရာ တရားရုံးတွင် လျှောက်ထားသည့် အမှုများ မပါဝင်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လူပေါင်း ၇၁၅၁ ဦး အဖမ်းခံခဲ့ထားရကြောင်း နိုင်ငံရေး အကျဥ်းသားများကူညီစောင်ရှောက်ရေးအသင်း( AAPP )အဖွဲ့ စာရင်းများအရ သိ၇သည်။
---------------

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.