English Edition
အင်္ဂါနေ့၊ ဇွန်လ ၁၇ရက်၊ ၂၀၂၅
လှူရန်
Preview
ရွှေဈေး တက်လာ၍ စစ်တွေရှိရွှေဆိုင်များ အရောင်းအဝယ်များရပ်နေ
သြဂုတ် ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :3245
ရခိုင် သတင်း
နှင်းနွယ်နီ
နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၁
ယခုရက်ပိုင်းအတွင်း ရွှေဈေးများတက်လာသည့်အတွက် စစ်တွေမြို့ရှိ ရွှေဆိုင်များတွင် အရောင်းအဝယ်များ ရပ်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
“ရွှေဈေး တဖြည်းဖြည်းတက်နေတာကတော့ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့လောက်ကနေ တက်နေတာပါ။ အရောင်းအဝယ်က ရွှေဈေးတက်နေတော့ ရပ်သွားတယ်။” ဟု မြင့်မိုရ်ရိပ်ရွှေဆိုင်ပိုင်ရှင် မခင်မေကျော်က ပြောသည်။
ယခုရက်ပိုင်း ဒေါ်လာဈေးမြင့်တက်လာသည့်အတွက် ယခင်က ၁၆ ပဲရည် ရွှေတစ်ကျပ်ကို ၁,၅၈၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ၁,၇၀၀,၀၀၀ ဝန်းကျင် အထိရှိလာပြီး ၁၅ ပဲရည် ရွှေတစ်ကျပ်ကို ယခင်က ၁,၄၇၅,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ၁,၆၀၀,၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း သိ၇သည်။
သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုကျော်မျိုးသန့်ကလည်း ရွှေဈေးတက်၍ ယနေ့အရောင်းအဝယ်များရပ်နေကြောင်း ပြောသည်။
“ရွှေဈေးတက်နေတော့ အရောင်းအဝယ်မဖြစ်ပါ။ ဆိုင်မှာ လူမရှိဘူး။ မနေ့ကတော့ ရွှေဈေးတက်လို့ ဝယ်ကြတာတော့ရှိတယ်။ ဒီနေ့တော့ အရောင်းအဝယ်မဖြစ်ဘူး။” ဟုပြောသည်။
ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ၁၆ ပဲရည် ရွှေအဖွင့်ဈေးကို ၁,၇၁၀,၀၀၀ နှင့်ဖွင့်ခဲ့ရာမှ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင်မူ ၁,၆၇၀,၀၀၀ ရှိနေကြောင်းနှင့် အချိန်နှင့်လိုက်ပြီး ဈေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်း ကိုကျော်မျိုးသန့်က ဆက်ပြောသည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.