Preview

စစ်တွေတွင် အဝေးပြေးကားဂိတ်အသစ်တည်ဆောက်မှုလုပ်ငန်း ကိုဗစ်ကြောင့် ရပ်နားထားရ

သြဂုတ် ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :9166
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် တည်ဆောက်နေဆဲဖြစ်သည့် အဝေးပြေးကားဂိတ်သစ်တည်ဆောက်မှုလုပ်ငန်းကို ကိုဗစ်ကာလအတွင်းဘဏ်စီးဆင်းမှုအခြေနေကြောင့် ဆောက်လုပ်နေမှုကိုရပ်နားထားရသည်ဟု ကားဂိတ်သစ်တည်ဆောက်ရေးလုပ်ငန်း မန်နေဂျာ ဦးသာစိန်ထွန်းက နိရဥ္စရာသို့ ပြောသည်။
“ကျနော်တို့အခုဆောက်လုပ်နေတာ ၂ ခုပါ။ (Bus Terminal)ကားဂိတ်နဲ့ (Warehouse)ကုန်ကားထားတဲ့နေရာနှစ်ခုပါ။ အခုလောလောဆယ်က ဆောက်လို့မရသေးဘူး။ ကိုဗစ်ကြောင့် ဘဏ်က ငွေတွေအများကြီးထုတ်လို့မရတော့ ရပ်နားထား၇တာပေါ့။ ခုလောလောဆယ်တော့ ကုန်တင်ကားတွေ ယာယီထားထားတာ ၁ လခွဲလောက်ရှိပြီ။”ဟု သူကပြောသည်။
အဝေးပြေးကားဂိတ်အသစ်ဆောက်လုပ်ခြင်းမပြီးစီးသေးသောကြောင့် ယခုလက်ရှိအဝေးပြေးဂိတ်မှ ကားများကို မပြောင်းရွှေ့ရသေးဟုလည်း စစ်တွေရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်ရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။
“ကျနော်တို့ ဒီကားတွေကို အသစ်ဆောက်နေတဲ့ ဂိတ်ကိုမပြောင်းရသေးဘူး။ ဘာလို့လဲဆိုတော့ ဆောက်တာမပြီးသေးဘူးလို့လည်းပြောတယ်။ ကုန်ကားတွေ ထားတယ်လို့တော့ပြောတယ်။ တကယ်လို့ ကားဂိတ်အသစ်ကိုပြောင်းရမယ်ဆိုရင် ကားဂိတ်အဟောင်းကို ကားလေးတွေ ဂိတ်အဖြစ် ထားချင်ထားမှာပေါ့။ ဒီအတိုင်းလည်းရှိချင်ရှိမှာပေါ့။ အစိုးရပိုင်ဆိုတော့ ကျနော်တို့အသေချာမသိ၇သေးဘူး။”ဟု ပြောသည်။
စစ်တွေရှိ လက်ရှိအဝေးပြေးကားဂိတ်သည် မြို့တွင်းတွင်ရှိနေပြီး ယာဉ်အဝင်အထွက်များပြားလာမှုကြောင့် လူသွားလူလာများအတွက် ကျပ်တည်းမှုဖြစ်ပေါ်လာ၍ ကားဂိတ်သစ်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း စတင်တည်ဆောက်နေရခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါကားဂိတ်သစ်ကို CB Bank ပိုင်ရှင် ဦးခင်မောင်အေးက လယ် ၄၂ ဧကအား လယ်သမားများထံမှဝယ်ယူ၍ အစိုး၇၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်သည်။
ယင်းသို့ ဆောက်လုပ်ရာတွင် စစ်တွေ-ရန်ကုန်အဝေးကားများရပ်နားနိုင်ရန် ကျပ်သိန်း ၂၅၀၀ နှင့် ကုန်ကားများရပ်နားနိုင်ရန် ကျပ်သိန်း ၂၉၀၀ အကုန်ကျခံကာ တည်ဆောက်နေခြင်းဖြစ်သည်ဟု သိ၇သည်။

#လမ်းပန်းဆက်သွယ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.