Preview

ရခိုင်ရှိ IDP ဦးရေ ၂ သောင်းနှင့် စစ်ဘေးရှောင် ၃ သောင်းအတွက် Sinovac ကိုဗစ်ကာကွယ်ဆေး အလုံး ၅ သောင်း သီးသန့်ရရှိထား

သြဂုတ် ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :3177
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ သြဂုတ် ၂၆ / ၂၀၂၁
ရခိုင်ပြည်နယ်အတွင်းရှိ IDP Camp နှင့် စစ်ဘေးရှောင်များအတွက် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေး အလုံး ၅ သောင်းကို သီးသန့်ရရှိထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိ၇သည်။
ယခုရရှိထားသည့် Sinovac ကိုဗစ်ကာကွယ်ဆေးများသည် IDPs (Internally displaced persons) ဦးရေ ၂ သောင်းနှင့် စစ်ဘေးရှောင်ဦးရေ ၃ သောင်းအတွက် ထိုးနှံရန်လျာထားထားသည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ရေးစာမျက်နှာတွင် ယမန်နေ့ညက ဖော်ပြထားသည်။
“IDP camps နှင့် တိုက်ပွဲရှောင်စခန်းများအတွက် ပြည်ထောင်စုက ကာကွယ်ဆေး ဆိုင်နိုဗက် ၅၀,၀၀၀ သီးခြားပေးသည်။ တိုက်ပွဲရှောင် ၃၀,၀၀၀ နှင့် IDPs၂၀,၀၀၀ ထိုးရန်လျာထားပါကြောင်း သတင်းကောင်းပါးပါသည်။”ဟု အဆိုပါစာမျက်နှာတွင် ရေးသားထားသည်။
Sinovac ဆေးအလုံးရေ ၅ သောင်းနှင့်အတူ လက်ရှိ၇ခိုင်တွင်ထိုးနှံနေဆဲဖြစ်သည့် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးပုလင်း ၂,၄၀၀ တို့သည် ယမန်နေ့ သြဂုတ်လ ၂၅ ရက်တွင် စစ်တွေသို့ရောက်ရှိနေပြီဟု ပြည်နယ်အစိုး၇အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့ကို ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။
Sinovac နှင့် Sinopharm တို့သည် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်သည်ဟုလည်း သိ၇သည်။
ရခိုင်တွင် အိန္ဒိယနိုင်ငံထုတ် COVISHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစတင်ကာ ထိုးနှံပေးခဲ့သည်။ Sinopharm ကိုလည်း ပြီးခဲ့သည့်မေလမှစတင်ကာ ယခုအချိန်ထိထိုးနှံနေခြင်းဖြစ်ပြီး Sinovac ကိုမူ ယခုမှစတင်ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့လိုက်ခြင်းဖြစ်သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.