English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မြောက်ဦးဆရာတော် (၆၂)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မအီမြို့၌ ကျောက်တောင်ကိုထွင်းထုတည်ထားသည့် လျောင်းတော်မူဘုရားအား အနေကဇာတင်ပွဲမကျင်းပမီ မီးသတ်တပ်ဖွဲ့များ ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်
စက်တင်ဘာ ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :581
ရခိုင် သတင်း
နိရဉ္စရာ၊ ဩဂုတ် ၃၀/ ၂၀၂၁
လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက် ( ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်တော်သလင်းလဆန်း ၁ရက်) နေ့တွင် ၇ဟန်းတော် အပါး ၂၀၀ ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲ ပြုလုပ်မည့် ကျောက်တောင်တစ်ခုအား ထွင်းထုတည်ထားသော ညဏ်တော်အရှည် ပေ(၉၀) ရှိသည့် လျောင်းတော်မူ ဘုရားအား မအီနယ်မြေမီးသတ်စခန်းမှ ယခုလ ၂၉ ရက်နေ့က ဘုရား ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
လျှောင်းတော်မူ ဘုရားအား မအီနယ်မြေမီးသတ်စခန်းမှ လ/ထမီးသတ်ဦးစီးမှူး ဦးစောကျော်လင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီအချိန်တွင် ဘုရားရေသပ္ပါယ်ရေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Rakhine fire force လူမှုကွန်ယက်စာမျက်နာပေါ်တွင် ရေးသားထားသည်။
တောင်ကုတ်မြို့နယ်၊ မအီမြို့၊ မအီတောရကျောင်းတွင် မြောက်ဦး ဆရာတော်ကြီး တည်ထား ပူဇော်မည့် ကျောက်တောင်ကြီးကို ထွင်းထုတည်ထားသည့် ဉာဏ်တော်ပေ (၉၀) လျောင်းတော်မူ ဘုရားကြီးမှာ ယခုအခါ ပြီးစီးသွားပြီ ဖြစ်ပြီး လာမည့် တော်သလင်းလဆန်း ၁ရက် (၆ -၉-၂၀၂၁) နေ့တွင် ၇ဟန်းတော်အပါး ၂၀၀ ဖြင့် အနေကဇာ တင်ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိ၇သည်။
၎င်းလျောင်းတော်မူဘုရားကြီးအား ဆရာတော်ကြီး၏ သက်တော် (၆၂) နှစ် မွေးနေ့အထိမ်းအမှတ် ကျောက်တောင်ကြီးထွင်းထု၍ တည်ထား ပူဇော်ခြင်းဖြစ်ပြီး အချိန် (၁၁) လယူပြီး တည်ဆောက် ခဲ့ရကြောင်း၊ မန္တလေး စကျင်တောင်က ပန်းပုဆရာကြီး ဦးစံဟိန်းဖြစ်ပြီး လက်ခမှာ ကျပ် သိန်း ၈၅၀ ကုန်ကျ ကြောင်း၊ ဘုရားကြီးတစ်ခုလုံး အပြီးအစီးတွက်ပါက သိန်း ၁၀၀၀ ခန့်ကုန်ကျကြောင်း သိရှိ၇သည်။
#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.