Preview

မောင်တောနယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်မှ ဝင်လာသူ ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

စက်တင်ဘာ ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :8078
ရခိုင် သတင်း


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂/ ၂၀၂၁
၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကျွန်းပုစွန်ကန်အမှတ်(၂) ချောင်းပေါက် ဓနိတောအနီး၌ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ ဝင်ရောက်လာသူ နှစ်ဦးကို လက်နက်များနှင့် အတူ နယ်ခြားစောင့် တပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။
ဝင်ရောက်လာသူ မူဆလင် ၁၂ ဦးအနက် ၂ ဦးကိုနယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုကြောင့် ကျန် ၁၀ ဦးမှာ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ဖမ်းဆီးရမိသူ နှစ်ဦးနှင့်အတူ အရှည်(၉) လက်မခန့် ရှိသည့် လုပ်သေနတ်တစ်လက်၊ ၇.၆၂ ကျည် ၈ ထောင့်နှင့် ပစ္စတို ၁ လက်၊ ၉ မမကျည် ၂၂ ထောင့်၊ ကျည်အိမ် ၁ ခုတို့ကိုရရှိခဲ့ကြောင်းသိ၇သည်။
တောင်ပြိုရဲစခန်းမှ ရဲအရာအရှိတစ်ဦးက “ မြန်မာနဲ့ ဘင်္ဂလားနယ်စပ်တချို့ကတော့ အာရ်အက်စ်အို လို့ပြောကြတယ်။ ဒါပေမယ့် သူတို့ ထွက်ဆိုချက် ကတော့ သူတို့တစ်ဖက်နိုင်ငံကနေ ဒီဖက်ကို ပစ္စည်းလာယူတာလို့ပြောတယ်။ လက်နက်ပါရင်တော့ အကြမ်းဖက်အဖွဲ့ကလို့ သတ်မှတ်လို့၇ပါတယ်” ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ လူ ၁၂ ဦးအားတွေ့ရှိသဖြင့် ရပ်တန့်ရန် ပြောဆိုရာ မရပ်တန့်ဘဲ ဓနိတောထဲသို့ ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှုများ ပြုလုပ်ခဲ့ရာ ကျန် ၁၀ ဦးမှာ နတ်မြစ်အား ဖြတ်ကူး၍ ထွက်ပြေးသွားသည်ဟု သိ၇သည်။
ကျီးကျွန်းသည် နတ်မြစ်အတွင်းတည်ရှိပြီး မြန်မာဘက်က ပိုင်ဆိုင်သော ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိ၇သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျီးကျွန်းနယ်ခြားစောင့်တပ်ဖွဲ့အား နိရဥ္စရာမှဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။
(ဓာတ်ပုံ- ၇ခိုင်နေ့စဉ်)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.