အောင်ဇံ
နိရဥ္စရာ၊စက်တင်ဘာ ၃ /၂၀၂၁
ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့ပေါ်နေရာအနှံ့အပြားတွင် ''ဖမ်းဆီးခံကျောင်းသားများနဲ့ အပြစ်မဲ့ပြည်သူတွေကိုချက်ချင်းလွှတ်ပေး'' စာသားများအားဆေးမှုတ်ကာ ကမ်ပိန်းတစ်ခုပြုလုပ်ထားကြောင်း သတင်းရရှိသည်။
အဆိုပါကမ်ပိန်းကိုစက်တင်ဘာလ ၃ ရက် ည ၁၁ ခန့်က စစ်တွေမြို့ မြို့ပေါ်ရပ်ကွက်အချို့မှလူစည်ကားတတ်သည့်နေရာများရှိ လမ်းမများပေါ်တွင် မှုတ်ဆေးများဖြင့်ဆေးမှုတ်ထားခြင်းဖြစ်သည်။
လမ်းမများပေါ်တွင်မှုတ်ဆေးဖြင့်ရေးသားထားသည့်စာသားများမှာ ''တရားရီးမဏ္ဍိုင်ပျက်ပြားနေသည်"၊"ဖမ်းဆီးခံကျောင်းသားတိအား ချက်ချင်းလွှတ်"၊ "အပြစ်မဲ့ ပြည်သူတိအားချက်ချင်းလွှတ်''တို့ဖြစ်သည်ကိုတွေ့၇သည်။
စာသားများဆေးမှုတ်ထားသည့်နေရာများမှာ စစ်တွေလမ်းမကြီးရှိ မြလက်ဘက်ရည်ဆိုင်လမ်း မီးပွိုင့်၊မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်းတံလားအောက်လမ်းနှင့်အဓိဋ္ဌာန်ဆရာတော်ဘုရားရှေ့လမ်း၊ ဘောက်သီးစုရပ်ကွက်ရှိ အထက (၂)လမ်းဆုံ၊ကျေးပင်ကြီးရပ်ကွက် ဆေးရုံလမ်းကြား၊ ပြည်တော်သာရပ်ကွက်ပြည်နယ်အစိုးရအိမ်ရာရှေ့လမ်း၊ ရွှေပြားရပ်ကွက်ရှိရခိုင်အမျိုးသားပါတီရုံးအနီးလမ်းကြားတို့ဖြစ်ကြောင်း သိ၇သည်။
မည်သူတို့ကယခုကဲ့သို့ပြုလုပ်ထားသည်ကို လောလောဆယ် မသိ၇သေးပေ။