Preview

စစ်တွေတွင် Delta မျိုးစိတ် ကိုဗစ်ပိုးတွေ့ရှိ၍ ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်ရန်ပြင်ဆင်ထားမှု ပြန်စိစစ်နေရ

စက်တင်ဘာ ၀၄/ ၂၀၂၁ | ကြည့်ရှုသူ :426
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ စက်တင်ဘာ ၄ / ၂၀၂၁
ရခိုင်ပြည်နယ်မှ စစ်တွေမြို့တွင် Delta မျိုးစိတ် ကိုဗစ်ပိုးတွေ့ရှိထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်ဖွင့်ရန်ပြင်ဆင်ထားမှုအား ပြန်လည်စိစစ်နေရသည်ဟု ပြည်နယ်အစိုး၇က ပြောသည်။
“လောလောဆယ်တော့ ဖွင့်ဖို့အချက်အလက်တွေ စုဆောင်းနေတယ်။ ဖွင့်ချင်တယ်။ ရည်ရွယ်ချက်ကတော့ ဖွင့်ချင်တယ်။ ဒါပေမဲ့ ငါတို့ကဖွင့်တယ်။ ဘင်္ဂလားဒေ့ရှ်မှာရောဂါတွေတိုးနေတယ်။ အဲဒီကနေ လူတွေဒီဘက်ကိုပြန်လာ၊ ပြန်လာတဲ့အခါကျတော့ ရောဂါကူး ဘာညာကျတော့ အများကောင်းဖို့အတွက်လုပ်တာ။ ဒါပေမဲ့ ပြဿနာက အစိုးရပဲ တာဝန်ရှိလာမှာဖြစ်လို့ ငါတို့က ပြန်စိစစ်နေတယ်။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုကျဆင်းလာသည့်အတွက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ယင်းစခန်းလက်အောက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်အပါအဝင် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းများကို စက်တင်ဘာလ ၁၅ ရက်ခန့်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ရှိသူများက သြဂုတ်လ ၂၃ ရက်တွင် တွေ့ဆုံဆုံးဖြတ်ထားခဲ့သည်ဟု သိ၇သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၃၁ ရက်ထုတ်ပြန်ချက်အ၇ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ်ပိုးရှိသူ ၁၅ ဦးတွင် စစ်တွေမှ ၁ ဦးပါဝင်လာပြီးနောက် ယခင်စီစဉ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဖွင့်လှစ်မည့်အစီအစဉ်အား ယခုကဲ့သို့ ပြန်စိစစ်နေ၇ခြင်းဖြစ်သည်ဟု ဆိုသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဒု-ဥက္ကဋ္ဌ ဦးအောင်စံသိန်းကမူ “ကျနော့်အမြင်ကတော့ တကယ့်တကယ်က ရောဂါက အဓိကပေါ့လေ။ ရောဂါတကယ်ပြန့်ပွားမယ်ဆိုရင်တော့ ဒီဟာတွေကလည်း ကျနော်တို့က အာဏာပိုင်မဟုတ်တဲ့အတွက် သဘောက အစိုးရကပဲ သုံးသပ်ဖို့အတွက် အဓိက လိုမယ်လို့ထင်ပါတယ်။”ဟု နိရဥ္စရာကို ပြောသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်ဖြစ်ပွားမှုများလာမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့၇ပြီး ယခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၃ လကျော်ဖွင့်လှစ်ခဲ့ပြီးနောက် ၇ခိုင်တွင် ကိုဗစ်တတိယလှိုင်း ထပ်မံဖြစ်ပွားလာသည့်အတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ထားခဲ့၇သည်။
လက်ရှိ ၇ခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း စက်တင်ဘာ ၂ ရက်အထိ ကိုဗစ်ပိုးကူးစက်ခံ၇သူ ၄,၂၄၁ ဦးနှင့် သေဆုံးသူ ၄၀၀ ဦးအထိရှိသွားပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ရပ်နားထားသည့် ကုန်တင်လှေများအားတွေ့၇စဉ်။


#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.