Preview

ကိုဗစ်ကမ္ဘာကပ်ရောဂါကို ထိန်းချုပ်ကာကွယ်ရန် ပြင်းထန်ဖြစ်နေသောတိုက်ပွဲများကို လျှော့ချရန် လိုအပ်ကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့ထုတ်ပြန်

စက်တင်ဘာ ၀၄/ ၂၀၂၁ | ကြည့်ရှုသူ :1162
ရခိုင် သတင်း
အောင်ဇံ
နိရဉ္စရာ ၊ စက်တင်ဘာ ၄/၂၀၂၁
ကိုဗစ်ကမ္ဘာကပ်ရောဂါကို မြန်မာနိုင်ငံတွင် ထိန်းချုပ်ကာကွယ်ရန် ပြင်းထန်ဖြစ်နေသောတိုက်ပွဲများကို လျှော့ချရန် လိုကြောင်း MNDAA, TNLA နှင့် ULA/AA တို့ပါဝင်သည့် ညီနောင်မဟာမိတ်(၃) ဖွဲ့မှ ယနေ့ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြသည်။
''COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ တတိယလှိုင်း၌ ရော ဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကို အ ချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ရန်၊ COVID-19 ကာ ကွယ်ဆေးထိုးသင့်သူများအားလုံး အချိန်မီ ထိုးနှံနိုင်ရန်၊ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများကို အိမ်နီးနားချင်းနိုင်ငံများ၊ ကမ္ဘာ့ကို ဗစ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်နေပါကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်နိုင်အတွက် မြန်မာပြည်တနံတလျား၌ ဖြစ်ပွားနေသော ပြင်းထန်တိုက်ပွဲများကို လက်တွေ့ကျကျ လျော့ချနိုင်ရန် လိုအပ်ပါကြောင်း၊ ယခုထက်ပိုမိုသော စစ်ဘေးဒဏ်ကို ဆိုးဝါးစွာခံစားရမည့် အရေးကို ရှောင်လွှဲနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိ အစုအဖွဲ့များအားလုံး စဉ်စားအဖြေရှာ ဆောင်ရွက်သင့်ကြောင်း ထောက်ပြလိုပါသည်ဟု ဖော်ပြထားသည်။
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.