English Edition
တနင်္လာနေ့၊ ဇူလိုင်လ ၀၇ရက်၊ ၂၀၂၅
လှူရန်
Preview
ဂွမြို့တွင် ကိုဗစ်ဖြင့် ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံး၊ ၇ခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် ၄ ဦးအထိရှိလာ
စက်တင်ဘာ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :9335
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ၇ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဆေးရုံကြီးတွင် ယနေ့ စက်တင်ဘာ ရ ရက်နံနက် ၆ နာရီခွဲခန့်က ကိုဗစ်ဖြင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားခဲ့သဖြင့် လက်ရှိတွင် ၇ခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် ၄ ဦးအထိရှိသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။
ယနေ့ နံနက်က သေဆုံးသူ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ အသက်(၂ရ) အရွယ် ကိုယ်ဝန်(ရ)လ လွယ်ထားရသူဖြစ်ပြီး ဧရာ၀တီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မကျီးဇင်တိုက်နယ်ဆေးရုံမှ လွှဲပြောင်းလာသူဖြစ်ကြောင်း နာရေးကူညီပေးခဲ့သူ ဂွမြို့ချမ်းမြေ့မေတ္တာ လူမှုကူညီရေး အသင်း တာဝန်ရှိသူကနိရဥ္စရာ သတင်းဌာနကို ပြောသည်။
“ သူက မကျီးဇင်မှာအောက်ဆီဂျင်ကျလာလို့ ကျွန်တော်တို့ဆီကို မနေ့က မနက်ပိုင်းရောက်လာတာပါ။ အောက်ဆီဂျင်အမြင့်ဆုံးပေးခဲ့ပေမယ့် မရလိုက်ဘူး။ ဂွဆေးရုံမှာ အဲဒီဖက်က လူနာတွေ လာတက်ကြပါတယ်။ ကိုဗစ်လူနာတွေထဲလည်း အဲဒီမကျီးဇင်ဖက်က လူတွေရှိသေးတယ်။ ဒီနေ့မနက်ဆုံးပါတယ်” ဟုပြောသည်။
သေဆုံးသူအား ယနေ့နံနက် ရ နာရီကျော်က ဂွမြို့သုသာန်တွင် သင်္ဂြိုလ် လိုက်ပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
ရခိုင်တွင် လက်ရှိ ကိုဗစ်ဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် ၄ ဦးရှိသွားပြီဖြစ်ကာ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မင်းပြားမြို့ဆေးရုံကြီးတွင် အသက်(၂၈)နှစ် အရွယ် ကိုယ်ဝန်(၅)လနှင့် တစ်ဦး၊ဇူလိုင်လ (၂၈) ရက်နေ့က စစ်တွေ ဆေးရုံကြီးတွင် ပေါက်တောမြို့ဇာတိ ကိုယ်ဝန်(၈) မိခင်တစ်ဦးနှင့် ဇူလိုင်လ ၂၉ ရက်နေ့က မောင်တောဆေးရုံတွင် ကလေးမီးဖွားပြီးနောက် နာရီပိုင်းအတွင်း သေဆုံးခဲ့သည်။
ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ အရေအတွက် ယခင်ကထက် လျော့နည်းလာသော်လည်း ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့က ၇ခိုင်တွင်ကိုဗစ်ဖြင့် ၃ ဦးသေဆုံးခဲ့ပြီး ၎င်းတို့မှာ ဂွ၊ မောင်တောနှင့် အမ်းတို့တွင် တစ်ဦးစီဖြစ်ကြသည်။
ဂွမြို့နယ်တွင် စက်တင်ဘာ ရ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်လူနာ (၈၇၃) ဦးရှိပြီး သေဆုံးသူ ၂၃ ဦးရှိပြီဖြစ်ကြောင်း ချမ်းမြေ့မေတ္တာ လူမှုကူညီရေးအသင်း၏ စာရင်းအရသိ၇သည်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.