Preview

(၈၂) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်က မြို့နယ်အများအပြားတွင် ကျင်းပ

စက်တင်ဘာ ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :10078
ရခိုင် သတင်း

သန္တာကျော်ဇော

နိရဥ္စရာ၊စက်တင်ဘာ ၁၀/၂၀၂၁

စက်တင်ဘာ ၉ ရက်နေ့၌ ကျရောက်သည့် (၈၂) နှစ်မြောက်ဆရာတော် အသျှင်ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနားများကို၇ခိုင်ပြည်နယ်မှ မြို့ နယ်၁၅ခုနှင့်ရန်ကုန်တို့တွင် စက်တင်ဘာလ ၉ ရက် နံနက်မှစတင်ကာ ကိုဗစ်စည်းကမ်းနှင့်အညီကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ကျင်းပခဲ့ကြသည့် ြို့နယ်များမှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မာန်အောင်၊ ကျောက်ဖြူနှင့်ရမ်းဗြဲတို့ဖြစ်ကြသည်။

ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အခမ်းအနားကို မြို့ပေါ်များတွင်သာမက ၇ခိုင်ကကျေးလက်ဒေသများတွင်လည်း ပြုလုပ်ခဲ့ကြပြီး ဆွမ်းကျွေးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ လွမ်းသူ့ပန်းခွေချဂါ၇၀ပြုခြင်း ဆီးမီးပူဇော်ပြီး ဆုတောင်း မေတ္တာပို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြ သိ၇သည်။

စစ်တွေတွင်ပြုလုပ်ခဲ့သည့်ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ကလည်း နံနက် ရ နာရီအချိန်တွင်လာရောက်လွမ်းသူ့ပန်းခွေချ ဂါ၇၀ပြုခဲ့ကြသည်။

ဂါ၇၀ပြုပြီးနောက်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းက ဆရာတော်လို လူမျိုးသည်နှစ်ပေါင်း ၁၀၀၀ တွင် ၁ ယောက် ပေါ်တတ်သည်မဟုတ်သလို မိမိလူမျိုးဖြစ်သည့်အတွက်ဂုဏ်ယူလေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။

 

စစ်တွေရှိဆရာတော်ဦးဥတ္တမရုပ်တုသို့ ဂါ၇၀လာပြုသူ ပန်းချီဆရာ ဦးမောင်မောင်စောကလည်း"ကျနော်တို့ပန်းချီပညာရှင်များအသင်းကတော့ လာပြီးဂါ၇၀ပြုကြတာရှစ်နှစ်လောက်ရှိပြီပေါ့နော်။ ဒါပေမဲ့ မနှစ်ကတော့ ကိုဗစ်ကြောင့်ပန်းခွေတောင်မချခဲ့ရဘူး။ ဒီနှစ်မှာတော့ စစ်တွေက ကိုဗစ်ရောဂါအခြေအနေတွေလည်းတည်ငြိမ်နေတော့ ဒီလိုလုပ်ခွင့်ရတာကောင်းပါတယ်။ ကိုဗစ်ကြောင့်တော့ အရင်နှစ်တွေကထက်လာတဲ့သူတွေက နည်းတာပေါ့နော်"ဟု ပြောသည်။

ယခုနှစ်တွင်ကိုဗစ်ကြောင့် ဆရာတော့်အထိမ်းအမှတ်အခမ်းအနားများကိုခမ်းခမ်းနားနားမကျင်းနိုင်သော်လည်း ရခိုင်ရှိ မြို့အများအပြားတွင်အကျဉ်းရုံးကျင်းပနိုင်ခဲ့ကြသည်ဟု သိ၇သည်။

မာန်အောင်မြို့မေဃအလင်းရောင်းလူငယ်ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမင်းထက်ဇော်က"ကျနော်တို့မာန်အောင်မှာက ဒီလိုမျိုးနှစ်စဉ်နှစ်တိုင်း မကျင်းပဖြစ်ဘူး။အရင်နှစ်ကလည်း ကိုဗစ်ကြောင့် မကျင်းပဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ဖြစ်အောင်လုပ်မယ်ဆိုပြီး ကျနော်တို့အဖွဲ့က ဦးစီးပြီးလုပ်ဖြစ်သွားတာပါ"ဟုပြောသည်။

အလားတူရန်ကုန်ရောက် လူမှုရေးအသင်းဝင် ရခိုင်မိသားစုဝင်များကလည်း ဆရာတော်ဦးဥတ္တမအထိမ်းအမှတ်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီးဓည၀တီကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီတွင် ဆရာတော်ဦးဥတ္တမအားရည်စူးပြီးလှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ် ရေစက်ချအမျှဝေခြင်းများကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိ၇သည်။

ရခိုင်လူမျိုးဖြစ်သည့်ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အမျိုးသားစိတ်ဓာတ်ရင့်သန်စေရန်နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သည့် လွတ်လပ်ရေးမီးရှူးတန်ဆောင်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး အင်္ဂလိပ် နယ်ချဲ့တို့အားဆန့်ကျင်သည့် နိုင်ငံရေးတရားဟောပြောမှုကြောင့်မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံရေး အမှုဖြင့် အကျဉ်းချခံခဲ့၇သည့်ပုဂ္ဂိုလ်လည်းဖြစ်သည်။

ဆရာတော်သည်၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိညောင်တုန်းဘုန်းကြီးကျောင်း၌ ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကိုရခိုင်တစ်မျိုးသားလုံးက ဆရာတော်ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ဆရာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့သောအားဖြင့် အခမ်းအနားပြုလုပ် ကျင်းပလာကြသည်မှာ ယခုနှစ်ဆိုလျှင် (၈၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.