Preview

မြောက်ဦးကရုဏာလှိုင်းသွေးအလှူရှင်များအသင်းကို စေတနာရှင်မိသားစုနှစ်ခုက အရေးပေါ်လူနာတင်ကား ၂ စီး လှူဒါန်း

စက်တင်ဘာ ၁၄/ ၂၀၂၁ | ကြည့်ရှုသူ :5623
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁၄/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းတွင် လိုအပ်လျက်ရှိသော အပေါ်ပေါ်လူနာတင်ကား ၂ စီးကို စေတနာရှင် မိသားစု ၂ စုက လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်မှ ဦးအောင်လှထွန်းနှင့် ဒေါ်မသာနှင်း (ဆေးဆိုင်)မိသားစုက ကျပ် ၁၂၅ သိန်းတန်ဖိုးရှိ NISSAN အမျိုးအစား အရေးပေါ်လူနာတင်ယာဉ် ၁ စီးနှင့် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှ ဦးကျော်သိန်းလှိုင်နှင့် ဒေါ်ခင်နှင်းဖြူ(သာလီစွဆီဆိုင်)က ကျပ် ၁၃၅ သိန်းတန်ဖိုးရှိ TOYOTA အမျိုးအစား အရေးပေါ်လူနာတင်ယာဉ် ၁ စီတို့ကို ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိ၇သည်။
“ကျနော်တို့အသင်းအတွက် အဓိက လိုအပ်နေတဲ့ကားကို လှူပေးတဲ့အတွက် အလှူရှင်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်တို့အနေနဲ့ အခုလို ပရဟိတလုပ်ငန်းတွေကိုဆက်လက် လုပ်ဆောင်နိုင်ဖို့အတွက် ကားရသွားလို့ ဝမ်းသာပါတယ်။”ဟု ကရုဏာလှိုင်းသွေးလှူရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက နိရဥ္စရာသို့ ပြောသည်။
အဆိုပါအသင်းတွင် ယခင်က အရေးပေါ်အသုံးပြုရန် ကား ၄ စီးနှင့် ရုံးအတွက် ၂ စီး၊ စုစုပေါင်း ၆ စီးရှိထားသည်ဟု သိ၇သည်။
မြောက်ဦးရှိ ကရုဏာလှိုင်းသွေးလှူရှင်များအသင်းသည် ၂၀၁၂ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ၁၀ နှစ်တိုင်တိုင် အများအကျိုးအတွက် ပရဟိတလုပ်ငန်းဆောင်နေသော အသင်းတစ်ခုဖြစ်သည်ဟု သိ၇သည်။
ဓာတ်ပုံ - ကရုဏာလှိုင်းသွေးလှူရှင်များအသင်း

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.