အေးမြတ်ခိုင်
နိရဥ္စရာ၊စက်တင်ဘာ ၁၇ / ၂၀၂၁
၇ခိုင်ပြည်နယ်အတွင်းသဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနှင့်အတူ ၇ေထုပါ ညစ်ညမ်းမှုလာသောကြောင့်ငါး၊ ပုဇွန်နှင့် ရေသယံဇာတများတစ်နှစ်ထက်တစ်နှစ်လျော့ကျလာနေကြောင်းသိ၇သည်။
စစ်တွေမြို့မှငါးဖမ်းစက်လှေပိုင်ရှင် ဦးစိုးမင်းသူက ရေထဲကို အမှိုက်များ ပစ်ချမှုများလာသည့်အတွက်ကမ်းခြေမှာတောင်မကဘဲ ပင်လယ်၀အထိအမှိုက်များ ရောက်ရှိလာနေပြီး ရေထုညစ်ညမ်းမှုများ ဖြစ်လာရကာငါးနှင့်ရေသယံဇာတရှားပါးမှုများဖြစ်နေကြောင်း ပြောသည်။
"အရင်နှစ်တွေကတော့ငါးတန်ချိန် ပိဿာ ၂၇၀၊ ၃၀၀ ထိဖမ်းမိတယ်။ ဒီနှစ်တွေမှာ သိသိသာသာ လျော့ကျလာတယ်။ငါးဖမ်းစက်လှေတွေများလာတာကတစ်ကြောင်း၊ ရေထုညစ်ညမ်းလာတာက တစ်ကြောင်း၊ တစ်ရက်ကို ပိဿာ ၁၅၀၊ ၁၇၀ကအလွန်ဆုံးပဲ။ အရင်ကရှာလို့ရသလိုရနိုင်ဖို့က အိပ်မက်တောင်မက်လို့မ၇ဘူး"ဟုပြောသည်။
ရေလုပ်ငန်းဥပဒေနှင့် ပတ်သက်ပြီးငါးဖမ်းသူများလိုက်နာမှုအားနည်းသည့်အပြင် သက်ဆိုင်ရာ ဦးစီးဌာနအနေဖြင့်လည်း စောင့်ကြပ်လုပ်ဆောင်မှုအားနည်းသောကြောင့်ရေသယံဇာတနှင့် ဒီရေတောများရှားပါးလာနေကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူ အမ်းမြို့မှ ကိုမျိုးလွင်ကနိရဥ္စရာသို့ပြောသည်။
"ရေလုပ်ငန်းဥပဒေတွေအများကြီးပြဋ္ဌာန်းထားတာရှိတယ်။ဒါပေမဲ့ နည်းဥပဒေကို ပြည်သူလူထုကို အသေးစိတ်ချပြထားတာမရှိတော့ပြည်သူတွေသိရှိမှုအားနည်းတယ်။ တချို့ဆို လိုင်စင် ချပေးလိုက်တယ်။ ဒီလိုင်စင်နဲ့ပတ်သက်ပြီးကန့်သတ်ထားတဲ့ ပိုက်တွေကိုမဆန်းစစ်တဲ့အခါမှာ တချို့တွေက ပိုက်ကွင် အသေးတွေနဲ့ချတယ်။သူတို့လိုချင်တဲ့ငါးကအကြီး။ ဒါပေမဲ့ ပိုက်ကကွင်သေးတဲ့ အခါမှာပိုက်ထဲကျတဲ့သားငါးပုစွန်အသေးတွေကအစ သေသွားတယ်။ ငါး၊ ပုစွန်ရှာတဲ့အခါမှာလည်းဥဥချိန်၊ သားပေါက်ချိန်တွေမှာလည်း အလွန်အကျွံရှာဖွေတာတွေကြောင့်မျိုးတုန်းလာနေတယ်။ ပြီးတော့ ဒီရေတောတွေကိုခုတ်ပြီး ငါး၊ပုစွန်မွေးမြူတာတွေရှိတယ်။ လယ်ယာစိုက်ပျိုးတာတွေရှိတယ်။ ဒါပေမဲ့ဘာမှထိထိရောက်ရောက် လုပ်ဆောင်တာမတွေ့၇ဘူး"ဟု ဆိုသည်။
ယခုကဲ့သို့ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရှားပါးလာသည့်အတွက်ရေလုပ်ငန်းကိုမှီခိုနေရသည့် ဒေသခံများအတွက် စားဝတ်နေရေး ထိခိုက်မှုများရှိကြောင်းပြောသည်။
မြန်မာ၊တရုတ် ရေနံနှင့်သဘာ၀ဓာတ်ငွေ့စောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့သည့် ၂၀၁၈၊၂၀၁၉ နှင့် ၂၀၂၀ တို့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းနှင့် မြေပုံမြို့နယ်ရှိရေနမူနာများကို ဓာတ်ခွဲစစ်ဆေးခဲ့ရာရေနံထွက်ဓာတုပစ္စည်းများ ပါဝင်မှုများနေကြောင်း တွေ့ရှိခဲ့၇သည်။
ယင်းကဲ့သို့ရေထုညစ်ညမ်းမှုကြောင့် ငါး၊ ပုစွန်ရရှိမှု ၅၀ ရာနှုန်းအထိလျော့ကျသွားခဲ့ကြောင်းသိ၇သည်။
ရေထုညစ်ညမ်းမှုကြောင့်ငါး၊ ပုစွန်နှင့်ရေသယံဇာတရှာပါးလာမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာရုံးသို့လာရောက်မေးမြန်းပါဟုဆိုသည့်အတွက်ရုံးသို့သွားရောက်တွေ့ဆုံမေးမြန်းခဲ့သော်လည်း တာဝန်ရှိသူမအားဟုဆို၍၎င်းဌာန၏သဘောထားကို ရယူနိုင်ခြင်းမရှိခဲ့ပါ။
ဓာတ်ပုံ-ကိုမျိုးလွင်