Preview

၇ခိုင်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၂လ ချမှတ်

စက်တင်ဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :9962
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊စက်တင်ဘာ ၁၇/ ၂၀၂၁

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ၇ခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို တောင်ကုတ်မြို့နယ် တရားရုံးက  ယနေ့ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်လိုက်ရကြောင်းသတင်းရရှိသည်။

၄င်းတို့နှစ်ဦးစလုံးအားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ(၂၅)အ၇ ထောင်ဒဏ် ၂ လနှင့်ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)အ၇ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်တို့ကိုသီးခြားစီကျခံစေရန် ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင်တောင်ကုတ်မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းအမှုအားလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာအားပြောသည်။

သူတို့ကိုချုပ်ရက်က ခုနစ်လနဲ့ ဆယ့်ငါးရက်ရှိပြီဆိုတော့ နောက်ထပ်တစ်နှစ်ကျော်လောက်တော့ကျခံ၇ဦးမှာပေါ့။ အမိန့်ကိုသီးခြားစီ ကျခံစေဆိုတဲ့အတွက် အားလုံး ၂ နှစ်နဲ့ နှစ်လကျခံ၇မှာပါဟုပြောသည်။

၎င်းပြစ်ဒဏ် အပေါ် ဦးမင်းအောင်တို့က  ကျေနပ်မှုမရှိသဖြင့် အယူခံဝင်သွားမည်ဟုဒေါ်သိင်္ဂီမောင်က ဆက်ပြောသည်။

မြို့နယ်တရားသူကြီးကလည်းပြောပါတယ်။ ကျွန်တော်အမိန့်ချတဲ့အမှုကို မကျေနပ်ဘူးဆိုရင်လည်းအယူခံဝင်လို့ရပါတယ်လို့ပြောတဲ့အတွက်ကြောင့်မို့ ကျွန်မအမှုသည်ရဲ့ဆန္ဒအရတောင်ကုတ်မြို့နယ်ရုံးက အမိန့်ကို သက်ဆိုင်ရာ ခရိုင်တရားရုံးကိုတက်ပြီးအယူခံတက်ဖို့ လုပ်ဆောင်သွားမှာပါဟုပြောသည်။

ဦးမင်းအောင်နှင့်ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးကို လက်ရှိတွင် တောင်ကုတ်မြို့နယ်တရားရုံးမှတဆင့်သံတွဲထောင်သို့ ပို့ဆောင်လိုက်ပြီဟုလည်း သိ၇သည်။

ဦးမင်းအောင်နှင့်ကိုသန့်ဇင်ဖြိုးတို့မှာ စစ်တပ်ကအာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှုကြောင့်ဖေဖော်ဝါရီလ(၉) ရက်က ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။

ယင်းနောက်တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲမှူးဇော်လတ်က တရားလိုလုပ်ကာ ငြိမ်းစုစီပုဒ်မ(၁၉)နှင့် သံတွဲခရိုင်သဘာ၀ဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်မဇ္ဇူသင်းက သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

အမှုရင်ဆိုင်နေခဲ့၇စဉ်ဦးမင်းအောင်ကို တောင်ကုတ်မြို့ရှိ ခမ၇ ၅၄၄ တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ပြီးကိုသန့်ဇင်ဖြိုးကို ကျန်းမာရေးမကောင်း၍ အာမခံဖြင့် နေအိမ်မှနေ၍အမှုရင်ဆိုင်စေခဲ့သည်။

ဝန်ကြီးဟောင်းဦးမင်းအောင်သည် ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ပြည်နယ်ဘဏ္ဍာ/အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်းဦးအောင်ကျော်ဇံနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်တို့နှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့်စက်တင်ဘာ ၈ ရက်တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး၌ တရားစွဲခံထား၇သေးသည်။

 

၎င်းတို့အားလုံးကိုလာမည့် စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ၇ခိုင်ပြည်နယ် တရားလွှတ်တော်ရုံး၌ရုံးချိန်းခေါ်ယူထားသည်။

#NLD/နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.