Preview

သံတွဲတွင် ကိုဗစ်လူနာ ၃ ဦး ထပ်မံသေဆုံး၊ နေအိမ်တွင် ကြိတ်မကုကြရန် သံတွဲဆေးရုံအုပ်တိုက်တွန်း

စက်တင်ဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :3849
ရခိုင် သတင်း

အေးမြတ်ခိုင်

နိရဥ္စရာ၊စက်တင်ဘာလ ၁၇/၂၀၂၁

၇ခိုင်ပြည်နယ်၊သံတွဲမြို့တွင်စက်တင်ဘာ ၁၇ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ၃ ဦး ထပ်မံသေဆုံးသွားသည့်အတွက် ဒေသခံများအနေဖြင့် ကိုဗစ်ဖြစ်ပါက အိမ်တွင်ကြိတ်မကုကြရန် သံတွဲဆေးရုံအုပ်ဒေါက်တာရဲဝင်းထွန်းက နိရဥ္စရာကိုပြောသည်။

"ကျွန်တော်တို့ဘက်ကလည်းအတတ်နိုင်ဆုံးဆေးကုသမှုပေးနေတာပါပဲ။ ဒီကာလမှာ နံပါတ်တစ် အနေနဲ့ ကိုယ့်ကိုယ်ကို သံသယရှိတယ်ဆိုရင်ဆေးရုံဆေးခန်းကိုတော့ အမြန်ရောက်လာစေချင်တယ်။ နောက်တစ်ချက်က နယ်အဝေးကဆိုလည်းလက်လှမ်းမီနိုင်တဲ့အနေအထားမှာ အရင်ဆုံး ပြသသင့်တယ်ပေါ့။ကိုယ့်အိမ်မှာတော့ ကြိတ်မကုနေစေချင်ဘူး။ အောက်ဆီဂျင်တွေ အရမ်းကျနေတဲ့အခါမှ ကျွန်တော်တို့ဆီရောက်လာတဲ့အခါမှာအတတ်နိုင်ဆုံးကုပေးပေမဲ့ ဆုံးရှုံးမှုတွေတော့ရှိတာပေါ့"ဟုပြောသည်။

သံတွဲတွင်ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းအတွင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးသေဆုံးသွားခဲ့ကြောင်း သိ၇သည်။

သေဆုံးသွားသူတို့တွင်ရောဂါအခံရှိသည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်သည်ဟုသံတွဲဆေးရုံအုပ်ဒေါက်တာရဲဝင်းထွန်းက ပြောသည်။

"သံတွဲမြို့နယ်ထဲကပဲသံတွဲမြို့နဲ့နည်းနည်း အလှမ်းကွာတဲ့နေရာတွေကပေါ့။ အသက်ကတော့၆၀ကျော်အရွယ်အမျိုးသားတစ်ယောက်၊ ၇၀ ကျော် နဲ့ ၈၀ ကျော်အရွယ် အမျိုးသမီးနှစ်ယောက်ပါ။ ဆီးချို၊ သွေးတိုးရောဂါအခံလည်းကြတယ်"ဟု ပြောသည်။

လက်ရှိသံတွဲမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၃၉ဦးရှိသွားပြီဖြစ်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၂၀ ကျော်ရှိသည်ဟု သူကဆက်ပြောသည်။

၇ခိုင်တစ်ပြည်လုံးတွင်ဆိုလျှင်ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၆၃၄ ဦးနှင့် သေဆုံးသူ ၄၃၅ ဦးထိရှိကြောင်းပြည်နယ်အစိုး၇က စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.