သန္တာကျော်ဇော
နိရဥ္စရာ၊စက်တင်ဘာ ၁၇/ ၂၀၂၁
စစ်တွေမြို့BXT ကိုရီးယားဆိပ်ကမ်းတွင်အမှိုက်များကို မဆင်မခြင်စွန့်ပစ်မှုများရှိနေ၍ သက်ဆိုင်ရာကတားမြစ်ပေးရန်လိုအပ်နေသည်ဟုသဘာ၀ပတ်ဝန်းကျင်အရေး လူပ်ရှားနေသူများက ပြောသည်။
ယင်းကဲ့သို့အမှိုက်များကို မဆင်မခြင် စွန့်ပစ်ထားကြသည့်အတွက် လူသွားလမ်းပေါ်တွင် အမှိုက်များမြင်မကောင်းအောင် ပြန့်ကြဲနေပြီး သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်နေသလို လေကောင်းလေသန့် ရသည့်နေရာများဖြစ်သည့်အတွက် အပန်းဖြေ၊အားကစားလာလုပ်သူများအတွက်လည်း ထိခိုက်မှုများရှိနေသည်ဟုစိမ်းပြာသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဥက္ကဋ္ဌဦးလှဝင်းက ပြောသည်။
“အခုလိုမျိုးအမှိုက်တွေကို စည်းမရှိကမ်းမရှိ ပစ်တာကတော့ မဖြစ်သင့်ဘူး။ BXT ဆိပ်ကမ်းမှာတော့အမှိုက်ပုံးက အများမချထားဘူး။ ဒါပေမဲ့ ချထားတဲ့နေရာမှာ အမှိုက်ကိုတော့သေချာဝင်အောင် ပစ်ရမှာက အမှိုက်ပစ်တဲ့သူရဲ့တာဝန်ပေါ့နော်။အဲလိုမျိုး အမှိုက်ပုံးချထားတဲ့နေရာမှာ အမှိုက်တွေကိုသေချာပြန်ပြီးသိမ်းဆည်းပေးရင်တော့လည်း ပြဿနာကတော့ အားလုံးကင်းရှင်းသွားမယ်လို့ ထင်တယ်။ အဓိကကတော့ စွန့်ပစ်သူလည်းသေချာစွန့်ပစ်၇မယ်၊ သိမ်းဆည်းတဲ့သူကလည်း သေချာအချိန်မီသိမ်းဆည်း၇မယ်”ဟုပြောသည်။
စစ်တွေBXT ကိုးရီးယားဆိပ်ကမ်းတွင်သမ္ဗာန်မောင်းနေသူ ဦးဘအေးကလည်း လူအများအပန်းဖြေသည့်နေရာတွင်အမှိုက်များစည်းမဲ့ကမ်းမဲ့ပစ်ထားကြသည့်အတွက် မြစ်ရေပြင်တွင် အမှိုက်ဆိုးများပေါလောမျောကာ မြင်မကောင်းအောင်ဖြစ်နေကြောင်း ပြောသည်။
“တခြားနိုင်ငံတွေမှာဆိုရင်မြို့ကမ်းနားပါးတွေမှာ အမှိုက်တွေလုံး၀မရှိဘူး။ မြို့လယ်ကအမှိုက်ပုံးတွေက အနံ့တွေအရမ်းဆိုးတော့ ကျန်းမာရေးထိခိုက်စေတယ်။ အန္တရာယ်ဖြစ်စေတယ်” ဟုပြောသည်။
BXT ကိုးရီးယားဆိပ်ကမ်းသည်နံနက်စောစောနှင့် ညနေပိုင်းများတွင် လမ်းလျှောက်သူ အပန်းဖြေလာရောက်သူများဖြင့် စည်ကားသည့်နေရာတစ်ခုဖြစ်ပြီး ယာယီလမ်းဘေးဈေးဆိုင်ငယ်များလည်းဖွင့်လှစ်ရောင်းချကြခြင်းကြောင့် လူသွားလူလာများသည့်နေရာတစ်ခုဖြစ်သည်ဟုလည်းသိ၇သည်။