English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
၇ခိုင်ကမြို့ ၁၁ ခုတွင် ယမန်နေ့က သုံးနာရီခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းမှာ အမ်း-ပုဏ္ဏားကျွန်းလိုင်းရှိ ကွိုင်လောင်သွား၍ဟုဆို
စက်တင်ဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :7255
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာလ ၁၈/၂၀၂၁
၇ခိုင်မှ မြို့ ၁၁ ခုတွင် ယမန်နေ့ညက (၃)နာရီခန့်အကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုမှာ အမ်းမြို့မှ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံသို့ပို့သည့် လိုင်းရှိ ကွိုင်လောင်သွား၍ဖြစ်သည်ဟု အမ်းဓာတ်အားခွဲရုံမှူး ဦးခိုင်စိုးက နိရဥ္စရာကို ပြောသည်။
"အမ်းကနေ ပုဏ္ဏားကျွန်းခွဲရုံကိုပို့တဲ့လိုင်း အဲ့ဒီလိုင်း ချို့ယွင်းမှုဖြစ်သွားတာပေါ့။ Tripping coil လောင်သွားလို့ အသစ်လဲတာနဲ့ဘာနဲ့ဆို့တော့ ၃ နာရီ လောက်တော့ ကြာသွားတာပေါ့။ ပုဏ္ဏားကျွန်းကနေ မြို့နယ် ၁၀မြို့နယ် လောက်ကိုပေးထားတာဆိုတော့ မြို့နယ် ၁၀ကျော်လောက် ပြတ်သွားတာပေါ့"ဟု ပြောသည်။
၇ခိုင်မှ မြို့ ၁၁ မြို့ဖြစ်သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ အမ်း၊ ၇သေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့များတွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်မှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ပြတ်တောက်သွားခဲ့သည့်လျှပ်စစ်မီးသည် ယမန်နေ့ ည ၈ နာရီခွဲခန့်တွင် ပြန်လည်ရရှိခဲ့သည်ဟု သိ၇သည်။
#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.