English Edition
တနင်္လာနေ့၊ မေလ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်စစ်ဘေးရှောင်အမျိုးသမီး ၄၅၉ ဦးအတွက် Woman Generation က အမျိုးသမီးအသုံးအဆောင်ပစ္စည်းများလှူဒါန်း
စက်တင်ဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :2017
ရခိုင် သတင်း
သ ဉ္ဇာနွယ်
နိရ ဉ္စရာ၊ စက်တင်ဘာ ၂၅ / ၂၀၂၁
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၆ ခုမှ စစ်ဘေးရှောင်အမျိုးသမီး ၄၅၉ ဦးအတွက် လိုအပ်သော အမျိုးသမီးအသုံးဆောင်ပစ္စည်းများကို Woman Generation အဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့ရှိ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်း၊ COC စစ်ဘေးရှောင်စခန်း၊ ရှမ်းရွာဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်း၊ သိမ်ကျောင်းစစ်ဘေးရှောင်စခန်း၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်ဗွီးစစ်ဘေးရှောင်စခန်း စသည့် စခန်း ၆ ခုမှ စစ်ဘေးရှောင်အမျိုးသမီး ၄၅၉ ဦးကို တစ်ဦးလျှင် အမျိုးသမီးလစဉ်သုံး ၂ ထုပ်နှင့် လိုအပ်သော ဘော်လီနှင့် အတွင်းခံတစ်ထည်စီကို ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိ၇သည်။
“ကျမတို့ ဒီလိုလှူရတဲ့အတွက် ဝမ်းသာပါတယ်။ ကျမတို့တတ်နိုင်သလောက်လေး လှူခဲ့ပါတယ်။ အမျိုးသမီးတွေ အဝတ်မခြောက်သေးဘဲ ဝတ်တာတွေကြားမိလို့ လှူဖြစ်တာပါ။ နောက်ထပ်လည်း လိုအပ်တဲ့နေရာမှာ လှူဒါန်းသွားဖို့ရှိပါတယ်”ဟု Woman Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က နိရဥ္စရာကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အရွယ်ရောက်ပြီးသည့်အမျိုးသမီးများတွင် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများလိုအပ်နေကြသည့်အတွက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
ကျောက်တော်မြို့နယ် COC စစ်ဘေးရှောင်စခန်းမှ မလှနှင်းဆီက “လိုအပ်တာကို၇တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပျော်ပါတယ်။ နောက်ထပ်အများကြီးလှူဒါန်းနိုင်ပါစေ”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၉ သောင်းကျော်ရှိနေပြီး ယင်းအထဲတွင် အမျိုးသမီးဦးရေ ၅ သောင်းကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းအရ သိ၇သည်။
#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.