Preview

မြောက်ဦးဆရာတော်ကြီးတည်ထားသည့် ဉာဏ်တော်ပေ(၉၀)ရှိ လျောင်းတော်မူကျောက်ဆင်းတုတော်ကြီးအား အနေကဇာတင်ပွဲကျင်းပ

စက်တင်ဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :2860
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၂၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ မအီတောရကျောင်းတွင် မြောက်ဦးဆရာတော်ကြီး ဘဒ္ဒန္တဝါယာမိန္ဒ၏ ၆၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် တည်ထားသည့် ဉာဏ်တော်ပေ ၉၀ ရှိ လျောင်းတော်မူ ကျောင်းထွင်းဘုရားဆင်းတုတော်ကြီးကို အနေကဇာတင်ပွဲအား ယနေ့နံနက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပွဲကို မအီမြို့ရှိ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာတွင် ယနေ့ စက်တင်ဘာ ၂၆ နံနက် ရ နာရီ ၁၅ မိနစ်တွင် ၇ဟန်းတော်အပါး ၂၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
“အနေကဇာတင်ပွဲကို မနက် ၈ နာရီကနေကျင်းပတာပါ။ ဆရာတော် ၂၀၀ ကျော်ကိုပင့်ဖိတ်ပြီးတော့ တရားနာပြီး အနေကဇာတင်တယ်”ဟု စစ်တွေသာသနာ့အကျိုးတော်ဆောင်အဖွဲ့မှ ဦးတင်ငြိမ်းဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
၎င်းလျောင်းတော်မူဘုရားကြီးကို် မြောက်ဦးဆရာတော်ကြီး၏ သက်တော် ၆၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အချိန် ၁၁ လယူပြီး ကျောက်တောင်ကြီးကို ထွင်းထုခဲ့သည်ဟု သိ၇သည်။
အဆိုပါဆင်းတုတော်ကြီးကို မန္တလေးမှ ပန်းပုဆရာကြီး ဦးစံဟိန်းက ထွင်းထုခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
မအီတောရကျောင်းဝင်းအတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဂျပန်ဘုရားပုံ ထိုင်တော်မူဆင်းတုတော်ကြီးတစ်ဆူကိုလည်း တည်ထားကြောင်း သိ၇သည်။
ဆရာတော်ကြီး၏ ၆၂ နှစ်ပြည့်မွေးနေ့သည် စက်တင်ဘာလ ၂ ရက်ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်တွင်သာ မအီတောရဓမ္မရိပ်သာ၌ အကျဉ်းရုံးကျင်းပနိုင်ခဲ့သည်ဟု သိ၇သည်။
“ကိုဗစ်အခြေနေပြင်းထန်နေလို့ မနေ့ကလုပ်ဖြစ်တာပါ။ ကိုဗစ်ကြောင့် ပွဲကကြီးကြီးကျယ်ကျယ် မကျင်းပနိုင်ပါဘူး။”ဟု ဦးတင်ငြိမ်းဦးက ပြောသည်။
ဆရာတော်ကြီး၏မွေးနေ့တွင် နံနက်ပိုင်းမှ ည ၈ နာရီအထိ ပဋ္ဌာန်းတရားနာပြီး ရခိုင်မုန့်တီ၊ ရွှေထမင်းနှင့် မြန်မာမုန့်အများအပြားကို စတုဒီသာကျွေးမွေးခဲ့သည်ဟု သိ၇သည်။
ယင်းအပြင် ညနေဘက်တွင် လျောင်းတော်မူ ကျောင်းထွင်းဆင်းတုတော်ကြီးရှေ့၌ မီးပုံး ၁၀၈ လုံးနှင့် ဆီးမီး ၁၀၀၀ တို့ကို ပူဇော်ကျင်းပခဲ့သည်ဟုလည်း သိ၇သည်။
မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အပိုင်(မဟိရာနဒီ)ခေါ် မအီချောင်း၊ မအီမြို့တွင် ခမည်းတော် ဦးစိန်အောင်၊ မယ်တော်ဒေါ်ဖြူစိန်တို့မှ ကောဇာသက္ကရာဇ် ၁၃၂၁ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီအချိန်တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ကြောင်း သိ၇သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.