Preview

ငပလီမြို့ ဂျိတ္တောရပ်ကွက်တွင် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံး မီးလောင်

စက်တင်ဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :8729
ရခိုင် သတင်း

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၁
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်ရှိ လူနေအိမ်တစ်လုံးတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
မီးသွားခဲ့သည့် နေအိမ်မှာ ဂျိတ္တောရပ်ကွက် ညောင်ဝိုင်းကျောင်းနောက်ဘက်တွင် နေထိုင်သော ဒေါ်မြူမချေ၏ နေအိမ်ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ဘုရင်စင်၌ထွန်းထားသည့် ဆီးမီးတိုင်နှင့် အမွှေးတိုင်မှစ၍ မီးလောင်သွားခြင်းဖြစ်ကြောင်း ဂျိတ္တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က နိရဥ္စရာသို့ ပြောသည်။
“တစ်အိမ်တည်း မီးလောင်သွားတာ။ အပေါ်ပိုင်းမှာ အထပ်သားတွေနဲ့ ကာရံထားတဲ့ နေရာလောက်ပဲလောင်သွားတာ။ သွပ်ခေါင်မိုးကတော့ မလောင်သွားဘူး ”ဟု ပြောသည်။
ယင်းနေအိမ်အား ဂျိတ္တောရပ်ကွက် အရံမီးသတ်တပ်ဖွဲ့များ၊ သံတွဲမြို့မှ မီးသတ်ယာဉ် (၃)စီးနှင့် ရေသယ်ယာဉ် (၁) စီး စုစုပေါင်း (၄) စီးဖြင့် မီးသတ်ရာ ညနေ ၈ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိ၇သည်။
အဆိုပါမီးလောင်မှုကြောင့် ဒေါ်ဖြူမချေတွင် ကာလတန်ဖိုး ငွေကျပ် ၃ သိန်း ရ သောင်ခန့် ဆုံးရှုံးခဲ့ကြောင်း သိ၇သည်။

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.