English Edition
စနေနေ့၊ ဇွန်လ ၂၁ရက်၊ ၂၀၂၅
လှူရန်
Preview
အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် သိန်း ၂၀ အထိမြင့်တက်
စက်တင်ဘာ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :8902
ရခိုင် သတင်း
နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၁
အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဈေးကွက် တည်ငြိမ်မှုမရှိဖြစ်နေသည့် မြန်မာနိုင်ငံတွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၂၀ အထိ စံချိန်တင်မြင့်တက်နေကြောင်း သိ၇သည်။
စစ်တွေတွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေ (၁၆ ပဲရည်ရွှေ)အဖွင့်ဈေးမှာ ၁၉ သိန်း ၆ သောင်းနှင့်ဖွင့်ခဲ့သော်လည်း မွန်းတည့် ၁၂ နာရီဈေးကွက်တွင် ကျပ်သိန်း ၂၀ အထိ စံတင်ချိန်တင်မြင့်တက်နေသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
“ရွှေဈေးက ရန်ကုန်မှာ ၁,၉၉၂,၀၀၀ ဆိုတော့ စစ်တွေမှာ သိန်း ၂၀ ပေါ့။ ဒေါ်လာဈေးတက်တဲ့အတွက် ရွှေဈေးက တက်ပါတယ်”ဟု စစ်တွေရှိ သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုကျော်မျိုးသန့်က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
ယခုကဲ့သို့ ရွှေဈေးမြင့်တက်နေသည့်အတွက် စစ်တွေတွင် ရွှေဝယ်သည့်သူနည်းနေပြီး ရန်ကုန်သို့သာ ပြန်တင်ရောင်းနေရကြောင်းနှင့် ရောင်းသူ၊ ပေါင်သူများသာရှိကြောင်း သူက ဆက်ပြောသည်။
“ ဒီမှာက အရောင်းအဝယ်ပါးပါတယ်။ ရန်ကုန်ကိုပဲ ပြန်တင်နေရပါတယ်။ ဒီမှာဝယ်သူမရှိတဲ့အတွက် ရန်ကုန်ကိုပဲ ပြန်တင်ပြီးတော့ရောင်းနေရပါတယ်။ ပေါက်ဈေးအတိုင်း ၇ပါတယ်၊ ၁၉ သိန်းဆိုရင် ၁၉ သိန်းရပါတယ်။ ရန်ကုန်မှာက အရောင်းအဝယ်ရှိတယ်။ စစ်တွေမှာက ရောင်းသူ၊ ပေါင်သူပဲရှိပါတယ်”ဟု ပြောသည်။
ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က အကယ်ဒမီအခေါက်ရွှေ (၁၆ ပဲရည်ရွှေ)တစ်ကျပ်သားကို ၁၇ သိန်းဝန်းကျင်သာရှိခဲ့သည်။
ယခုလ စက်တင်ဘာလ ရ ရက်နေ့တွင်မူ ၁၆ ပဲရည်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၈ သိန်းကျော်ရှိခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ငွေကျပ် ၁၈ သိန်းခွဲ၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ၁၉ သိန်း ၁ သောင်းနှင့် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျပ်သိန်း ၂၀ အထိမြင့်တက်ခဲ့ကာ စက်တင်ဘာ တစ်လတည်းအတွင်း ကျပ် ၂ သိန်းအထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.