English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်တော်တွင် လူမနေသည့်အိမ်တစ်လုံး မိုးကြိုးပစ်ခံရ
အောက်တိုဘာ ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :8256
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာလ ၂/၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်မှ နေအိမ်တစ်လုံး ယနေ့နံနက်က မိုးကြိုးပစ်ခံလိုက်ရသည်ဟု သိ၇သည်။
မိုးကြိုးပစ်ခံရသည့်နေအိမ်မှာ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက် အကွက်(၄)၊ ကန်ညီနောင်လမ်းကြားမှ ဒေါ်နှင်းကြိုင်ဦး၏နေအိမ်ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၈ နာရီခန့်က မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်တင်က နိရဥ္စရာကို အတည်ပြုသည်။
"မိုးကြိုးပစ်လို့ လူသေတာမျိုးတော့မရှိပါဘူး။ ဒေါ်နှင်းကြိုင်ဦးတို့နေအိမ်မှာတော့ မိုးကြိုးထိလို့ တိုင်တစ်လုံးပျက်စီးသွားသလို သွပ်လည်း နှစ်ချပ်လောက် နည်းနည်းပေါက်သွားတယ်။"ဟု ပြောသည်။
ယင်းအပြင် ပျဉ်ချပ်အချို့လည်း အနည်းငယ် ပျက်စီးသွားခဲ့သည်။
အဆိုပါအိမ်တွင် လူမနေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဟုလည်း သိ၇သည်။
#ပြည်တွင်းသတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.