သဥ္ဇာနွယ်
နိရဥ္စရာ၊အောက်တိုဘာ ၈/ ၂၀၂၁
ကိုဗစ် ဖြစ်ပွားမှုနှုန်း ကျဆင်းလာနေပြီဖြစ်သဖြင့်ရခိုင်နယ်စပ်ကုန်သွယ်ရေးကိုလက်ရှိတွင် ပြန်ဖွင့်၍၇နိုင်သည့် အနေအထားသို့ရောက် ရှိနေပြီဖြစ်သော်လည်းနစကကောင်စီက တစ်စုံတစ်ရာအကြောင်းမပြန်သေးသဖြင့် ကုန်သွယ်မှုကို စတင် မပြုလုပ်နိုင်သေးဟု ပြည်နယ်ကောင်စီ ပြောခွင့်၇သူပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကထုတ်ဖော်ပြောကြားလိုက်သည်။
ယနေ့အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲခန့်ကရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင်စစ်တွေရှိသတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်ဖွင့်ဖို့လုပ်နေပါပြီ။ နိုင်ငံတော်အစိုး၇ကိုလည်းစက်တင်ဘာလဒုတိယအပတ်က တင်ပြထားပါတယ်။ ဒါပေမဲ့ ခုထိအကြောင်းမပြန်သေးပါဘူး”ဟု ပြောသည်။
ယခုအခါ၇ခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ကျဆင်းလာနေပြီ၍ပြန်ဖွင့်နိုင်သည့်အနေအထားသို့ရောက်နေပြီဟု ဆိုသည်။
ခွင့်ပြုချက်၇သည်နှင့်ကုန်သည်များကို ဆက်သွယ်ပြောကြားကာ ချက်ချင်းပြန်ဖွင့်သွားမည်ဟုလည်း ဦးလှသိန်းကဆိုသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးကိုကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်ခဲ့မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှစတင်ကာ ပိတ်ထားခဲ့၇ခြင်းဖြစ်သည်။
ရခိုင်တွင်တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်သွယ်ရေးပြုလုပ်နေသော စခန်းများမှာစစ်တွေမြို့ရှိ ရွှေမင်းဂံကုန်သွယ်ထားရေးစခန်း၊ ကညင်ချောင်းစီးပွားရေးဇုန်နှင့်မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိ၇သည်။